*ကျွန်မ လူသက်ခဲ့တယ်*
"အာ...ဟာသပြောလိုက်ပြန်ပြီလား?''
ဝူရှက ပြုံးရေးရေး မျက်နှာပေးနှင့်သာ သူနှင့် အကြည့်လွှဲလိုက်လေရင်း မြွေအဆိပ်များ ညှစ်ထုတ်ထည့်ထားခဲသည့် ဘူးသီးပုံ သေရည်အိုးလေးကိုဘဲ သူ့ထံကို ကမ်းပေးလာခဲ့သည်။
"သောက်ကြည့်...''
"ဝူ....ဝူရှ ဒါက တကယ်ဘဲ သောက်လို့ရတာတော့ သေချာပါတယ်နော်''
"အင်း သောက်လိုက်''
ညတာရှည်လျှင် အိမ်မက်များသည်။အနှီအတွေးနှင့်ဘဲ သွမ့်ရုံချင်းလည်း မည်သည်ကိုမျှ ရှည်ရှည်ဝေးဝေး တွေးမနေလိုက်တော့ဘဲ ခပ်မြန်မြန် မော့ချပစ်လိုက်သည်။သို့သော်လည်း မထင်မှတ်ထားစွာ သူ၏လျှာဖျားအထက်က အနှီမြွေအဆိပ်နှင့် သေရည်မှာ အင်မတန်မှ အနံ့ အရသာများနှင့် ထူးကဲစွာ ပြည့်စုံနေခဲ့ပေ၏။
ရုတ်ခြည်းဆိုသလို လင်းလက်သွားခဲ့သည့် မျက်ဝန်းလေးများနှင့်အတူ...
"အဲယ်...ဝူရှ။ဒါ အရမ်းရှားတဲ့ မိန်းမလှသေရည်ဘဲ။မင်းသိရဲ့လား...ငါဒီသေရည်ကို အရမ်းကြိုက်တာ အဟီး...''
နောက်တစ်ကြိမ် ထပ်မံ၍ သေရည်အိုးလေးကို မော့လိုက်မိပြန်သည်။ပြီးနောက်တွင်မှ စကား ထပ်စလိုက်သည်။
"ဝူရှ မင်းပြောတော့ ငါတို့က ဆေးမြစ်တွေ လာရှာကြတာဆို။အခုမရှာတော့ဘူးလား...''
"အင်း မရှာတော့ဘူး...''
''ဘာဖြစ်လို့လဲ''
''အခု မလိုအပ်တော့ဘူး။မင်းမိထားတဲ့ အဆိပ်ကလည်း အခြေနေ ပြန်ကောင်းတာ မြန်တော့ တစ်ခြား ဆေးမြစ်ထပ်မလိုတော့ဘူးလို့ ယူဆမိလို့။ပြီးတော့ငါလည်း ဒီနေရာကနေ ထွက်သွားတော့မယ်။ဆေးထပ်မလှောင်တော့ဘူး စိတ်ကူးထားတယ်...''
"အော် အိုး...မင်းဆုံးဖြတ်သလိုပါဘဲ...''
သေရည် တစ်ကြိုက်နှင့်အတူ ထောက်ခံစကားဆိုလိုက်လေသည့် သွမ့်ရုံချင်းထံသို့ တစ်ချက် ငဲ့ကြည့်လိုက်လျှက်ပင်...
သူ၏ဘေးဘက်ရှိ ရေနွေးကရားထဲမှ ရေနွေးကြမ်းတစ်ခွက် သက်သောင့်သက်သာဘဲ ငှဲ့ယူလိုက်သည်။ပြီးနောက်တော့ အနှီရေနွေးကြမ်းခွက်လေးကိုဘဲ သူ၏နှာတံထင်းထင်းလေး အရှေ့မှာ နှစ်ပတ် သုံးပတ်ခန့် ဝေ့ဝဲလိုက်ကာ လက်ဖက်ခြောက်၏ ရနံ့အား ခံစားနေသည် ထင်ရသည်။
ESTÁS LEYENDO
My ShiFu Kiss Me!!!( Completed )