31(U+Z)

5.4K 771 29
                                    

*ဆရာ ထပ်နမ်းချင်သေးလား?*

ဝူရှ၏ ပူနွေး အိစက်သည့် နှခမ်းသားထွေးထွေးက ရုတ်ခြည်း သူ၏နှခမ်းများထံကို လာရောက်ကာ ဖိကပ်လိုက်သည်။သွမ့်ရုံချင်း မျက်ဝန်းများပင် အထိန်းအကွပ်မဲ့စွာ ဝိုင်းစက်နေမိသည်။သို့သော်လည်း အလျှင်စလိုလေး ပြန်လည်၍ ဖျစ်ညှစ်မှိတ်လိုက်သည်။ဝူရှ၏ အပြုအမူအတိုင်းသာ ငြိမ်သက်လျှက် နေပေးမိသည်။

ကံမကောင်းလို့ သူ့ကြောင့် သူ့ဆရာလေး ရှက်ရွံသွားစေလိမ့်မည်ကိုတော့ သူ အမှန်တကယ်ပင် စိုးထိတ်လှသည်လေ။

ဒီကနေ့၏ သွမ့်ရုံချင်းမှာဖြင့် မနက်ခင်းတစ်ခု အစပြုလိုက်ကတည်းက ခံစားချက်ပေါင်းစုံနှင့် ရင်ဘက်တစ်ခုလုံး တလှပ်လှပ်ဖြစ်ကာ အနားမရအောင်ဘဲ ခံစားခဲ့ရသည်။အနှီအခြေအနေက ဆောင်းတွင်းကြီးပင် ဖြစ်နေလျှက် အဝတ်ဗလာဖြင့် လေသလပ်ခံနေရသည့်အလား။ယခုအချိန်က‌တော့ ဒုက္ခလှလှလေးနှင့် တွေ့ဆုံနေရသည် မဟုတ်ပါလား။

ဝူရှကြောင့် ထကြွလာခဲ့သည့် သူ၏ညီဘွားကို ချော့မြူထားခဲ့ရသည်က မကြာသေးပါ။ယခုကဲ့သို့ ထပ်မံကာ အပြုမူခံနေရပြန်ပြီ။ဝူရှက တကယ်ဘဲ နားလည်ရခတ်စွာ မည်သည်ကိုများ ပြုလုပ်ချင်နေခဲ့ပါသည်နည်း။

ဝူရှ၏ နှခမ်းစိုစိုလေးမှာ အင်မတန် ပူနွေးကာ အိစက်လွန်းလှသည်။ပူပူလောလောနှင့် မီးဖိုခန်းထဲမှ လက်လက်လောလော ထုတ်ယူလာခဲ့ပေသည့် အိအိစက်စက် ဖက်ထုပ်လုံးလေးများကဲ့သို့။

ကဆုန်ပေါက်ကာ မြူးထူးနေသည့် နှလုံးသားက ထိကပ်ထားခဲ့ရုံ ဝူရှ၏နှခမ်းနွေးနွေးကို အကြမ်းပတမ်း ကိုက်ဆွဲပစ်လိုက်ဖို့ သူ့အား တိုက်တွန်းနေသည်။သူက ထိုကဲ့သို့များ ပြုမူလိုက်မိလျှင် သူ့ဆရာလေးနှင့် ပို၍ဝေးကွာသွားလိမ့်မည်လား။ဤသည်ကို စိုးထိတ်နေမိ၍သာ မဟုတ်ရင် မသိတက်လေသည့် ချစ်ရသူကြောင့် အနှီအခြေအနေမျိုးကို ကြုံကြိုက်ရသူတိုင်း မည်းသူကများ ချုပ်တည်းနိုင်ကြလို့ပါလဲ။

မည်သည်ကိုမျှ မသိနားမလည်သည့် နှလုံးသားနုနုလေး သူ့ကြောင့် ညစ်ထွေးသွားလိမ့်မည်ကို စိုးရိမ်သည်။သူ့အား ရှောင်ဖယ်သွားနိုင်ပါသည်။

My ShiFu Kiss Me!!!( Completed )Where stories live. Discover now