*မင်းစိတ်ဆိုးပြေပါစေ ငါဘာလုပ်ပေးရမလဲ*
ဝူရှ၏ အနှီငါးနှစ်တာ အတွင်းက အကြီးမားဆုံး နောင်တမှာ သွမ့်ရုံချင်းကို အသုံးချခဲ့မိပြီး သွမ့်မျိုးနွယ်များကို နောင်တကင်းစွာ ပျက်စီးစေခဲ့ခြင်းအပြင်...
ချင်းအော်၏ ရင်ဘက်အတွင်းကို နစ်ဝင်လုဆဲဆဲ ဖြစ်ခဲ့သည့် ထိုဓားအရှည်ကို ဆွဲယူထားလိုက်ဖို့ ထိုအခိုက်အတန့်မှာ သူ၏ဦးနှောက်ကနေ ကောင်းမွန်သော အကြောင်းပြချက်ကို အလျှင်အမြန် ရှာမတွေ့နိုင်ခဲ့ခြင်းသာ ဖြစ်ပေသည်။ဝူမျိုးနွယ်များ၏ ဖြစ်တည်မှုနှင့် ဝူရှမှာ သူသာ ဆန္ဒမရှိခဲ့လျှင် မူလအစကတည်းက သွားရောက်ကာ မဆက်နွယ်လိုက်လျှင်လည်း အဆင်ပြေနေလိမ့်မည့် ဆက်ဆံရေးတစ်ခုသာ ဖြစ်ခဲ့သည်။
အမြဲလိုလို မိခင်နှင့် နယ်လှည့်ကာဘဲ သိုင်းပညာများ လေ့လာဆည်းပူနေခဲ့ပြီး အချိန်များကို ကုန်ဆုံးခဲ့သည့် သူ့အတွက်ကတော့...
ဝူမျိုးနွယ်၏ ပျက်စီးခြင်းကို လစ်လျုရှုထားခဲ့လိုက်လည်း မည်သူကများ သူ့အား အထူးတလည်ကြီး အပစ် ဆိုလာနေလိမ့်မည်နည်းလေ။သို့သည့်တိုင် သူကိုယ်သူ အပစ်မကင်းသည့် စိတ်ဖြင့်ဘဲ သွမ့်မျိုးနွယ်များကို သုတ်သင်ရန်အတွက် ဦးဆောင်ခဲ့မိသည်။အလားတူ လူမဆန်မှုနှင့် အကွက်ကျကျ စီစဥ်ခဲ့သည့် သူကသာ အနှီဖြစ်ရပ်၏ အဆုံးသက်မှာ အမိုက်မဲဆုံး လူတစ်ဦး ဖြစ်ခဲ့သည် မဟုတ်ပါလား။
ချင်းအော်၏ မတည်ရှိမှုကို ခံစားလာရသည့်နောက် အနှီကောင်လေး နောက်ဆုံး ပြောထွက်ခဲ့ပေသည့် သူ့အားမုန်းသည်ဆိုသည့် အနှီစကား၏ အဓိပ္ပါယ်ကို အတိအလင်း ခံစားတက်ခဲ့ပြီး အတိုင်းအဆမဲ့စွာ နာကျင်လာခဲ့သည်။အနှီခံစားချက်က မည်မျှ ဆိုးရွားလိုက်ပါသည်လဲ။တကယ်ကို သူကလွဲပြီး မည်သူမှလည်း ထပ်သိနိုင်မှာ မဟုတ်တော့ဘူး။
မထင်မှတ်ထားပါဘဲ ချင်းအော်ကို အသက်ရှင်လျှက် ပြန် တွေ့လိုက်ရသည့် ယခုအချိန်...
အဲ့ဒီတုန်းက နာကျင်ခဲ့မှုထက် နည်းနည်းမှ မလျော့သည့် နာကျင်မှုကိုသာ ခံစားရပါပေသည်။ဤကဲ့သို့ ပြန်တွေ့ကြဖို့ကို တကယ်ကို မမျှော်လင့်ထားခဲ့မိလို့ဘဲလား နာကျင်မှုက သူ့ကို အသက်ရှုပင် မဝနိုင်အောင် ဖိအားပေးလို့နေသည်။
YOU ARE READING
My ShiFu Kiss Me!!!( Completed )