*မင်းအကောင် မဟုတ်ဘူးလား?*
ဝူရှ၏ အရှက်ကဲကာ နီမြန်းသွားပေသည့် မျက်နှာအုအုလေးကို သူ၏ရင်ခွင်ထဲသို့ မြုပ်ဝင်သွားရသည်အထိသာ ဆွဲသွင်းထားလိုက်ပါတော့၏။အရင်အချိန်များက နှစ်ဦးသားမှာဖြင့် သိပ်၍ မကွာဟလွန်းလှသည့် အရပ် အနိမ့်အမြင့် ဖြစ်ခဲ့သည့်တိုင် ယခုတော့ ဝူရှမှာ ချင်းအော်၏ မေးဖျားအထိသာ ရှိနေရစ်ခဲ့တော့သည်မို့လည်း ဖြူဖြူသေးသေးလေးသာ ဖြစ်နေသည်။
"တော်ပြီ တော်ပြီ။ငါ့ဆရာလေးကို ထပ်ပြီး မစတော့ဘူးနော်...''
ဝူရှကိုယ်တိုင်ကလည်း ချင်းအော်၏ ရင်ခွင်အတွင်းကိုသာ ဆထက်တိုးကာ နစ်ဝင်သည်ထက် ပို၍ နင့်သည်းအောင်ပင် တိုးဝင်ပစ်နေလိုက်မိရင်း...
"ချင်းအော်...''
"အင်း ငါနားထောင်နေပါတယ်...''
"ဒါဆို အခု ငါက မင်းဆရာ ပြန်ဖြစ်သွားပြီလားဟင်...''
"ဟင့်အင်း...အခုငါ့ဆရာလေးက ငါ့ယောကျာ်းလေး ဖြစ်သွားပြီ။ငါ့အပိုင်လေး ဖြစ်သွားပြီ မင်းက...''
"အာ...ငါက မင်းယောကျာ်းဆိုတော့ မင်းက ငါ့မိန်းမပေါ့နော်...ခစ်ခစ်ခစ်...''
ထိုစကားလေး ပြောပြီးသည်နှင့် ချင်းအော်၏ ရင်ခွင်ထဲမှ ဝူရှ၏ ကိုယ်လေးမှာဖြင့် လှုပ်လီ လှုပ်လဲ့လေး ဖြစ်နေတော့လျှက် သူ့အား မိန်းမလုပ်ခိုင်းရသည်ကိုပင် အင်မတန်မှ သဘောခွေ့သွားခဲ့ပုံ ဖြစ်သည်။
ဝူရှ၏ အနှီကျိစားမှုအသေးလေးကပင် အိပ်စက်နေသည့် ကျား၏ အမြှီးကို ဆွဲမလျှက် အပေါက်လေးပါလားဟု အတင့်ရဲပြီး စစ်ဆေးလိုက်သည့် မနူးနပ်လွန်းပုံလေး မဟုတ်ပါလား။ကျားအစားခံရမှာကို မကြောက်တက်သည့် ယုန်သူငယ်လေးအလား တခစ်ခစ်နှင့်ဘဲ ဘယ်လိုတောင် အသည်းယားဖွယ်အတိပါလဲ။
ရင်ခွင်ထဲမှ ဝူရှကို အသည်းယားလှစွာသာ ခါးနေရာမှ ကလိထိုးမိပါတော့သည်။ဝူရှခမျာတော့ ချင်းအော်၏ အနှီကလိထိုးခြင်းကြောင့်ဘဲ လွန့်လွန်းလူးလျှက် သူ့ရင်ခွင်ထဲမှ အားကုန်သုံးကာ ရုံးထွက်ဖို့ကြိုးစားနေခဲ့ရသည်။
YOU ARE READING
My ShiFu Kiss Me!!!( Completed )