28(U+Z)

5.1K 795 5
                                    

*ယောကျာ်းဆန်လွန်းသည့် ကိုယ်သင်းနံ့*

စာသင်ဆောင်အတွင်း အမြန် ဝင်သွားလိုက်သည်နှင့် အခုထိ တင်းမာနေသေးသည့် မျက်ဝန်းလေးများဖြင့်ဘဲ သူ့ကို ဆီးကြိုနေခဲ့သည့် ဝူရှကို တွေ့လိုက်ရပါတော့သည်။

"ဒီမှာလာထိုင်...''

"အိုး...''

စာသင်စားပွဲခုံလေး၏ တစ်ဖတ်မှာ ထိုင်နေခဲသည့် ဝူရှ၏ အရှေ့ကို အမြန်ဘဲ ပြေးရပ်ပေးလိုက်သည်။မျက်နှာအထက်က ဇာပဝါကိုပါ အနှီအခြေအနေမျိုးမှာတောင် အတင့်ရဲမိသလောက် ညင်သာစွာ ဖယ်ရှားလိုက်မိသည်။ထို့ကြောင့်လည်း ဝူရှမှာ သူ့ထံကို မော့ကြည့်လာခဲ့ပါ၏။

ထိုတော့သူမှာ ဝူရှကို စိတ်အမြန်အလိုကျသွားနိုင်စေရန်အလို့ငှာသာ ရည်ရွယ်ရင်း မျက်ဝန်းလေးများကို လခြမ်းသဏ္ဍာန် ကွေးကျသွားသည်အထိပင် ရိုးသား တောက်ပစွာ ပြုံးရယ်ပြဖြစ်လိုက်သည်။

"ဟီး ငါမင်းကို ကြည့်ရတာ ကြိုက်လို့လေ...''

သွမ့်ရုံချင်း၏ ဤကဲ့သို့ ရဲတင်းလွန်းလှသည့် အပြုမူများကို ဝူရှ အစကတည်းက ကျင့်သားရနှင့်နေခဲ့ပြီလည်း ဖြစ်သည်။ထို့ကြောင့် မည်သည့် အထူးတလည် အပြုအမူမျိုးကိုမျှ တုန့်ပြန်ခြင်းမပြုလိုက်ဘဲ ကြမ်းခင်းကိုသာ အသာ ပုတ်ပြလိုက်သည်။

"ဒီမှာလာထိုင်ပေး''

"အိုး ကောင်းပါပြီ...''

သွမ့်ရုံချင်းက အမှန်စင်စစ် ဝူရှ၏ စိတ်ဆန္ဒတို့ကို မြင်နိုင်ရန် ကြိုးစားနေခဲ့သည်။မျက်လွှာသာ ချထားသည့် ဝူရှ၏ မျက်ဝန်းများကို သိပ်တော့ သဘောမကျမိပါပေ။ထို့ကြောင့်လည်း အကြည့်ချင်း ဆုံနိုင်ရန်သာ သူ၏ခေါင်းလေးကို စောင်းစောင်းကြည့်ပြီး ဝူရှ၏ အရှေ့မှာ ခပ်ကျုံ့ကျုံ့လေး ဝင်ထိုင်ပေးလိုက်ပါတော့သည်။

"ဆရာ ငါ့ကို မကြည့်တော့ဘူးလား။မင်းငါ့ကို စိတ်ဆိုးနေတာလားဟင်...''

ဝူရှမည်သည့် စကားမျှ ပြန်မပြောဖြစ်လိုက်ဘဲ သူ၏ခါးတွင် အသင့် ချိတ်ဆွဲလာခဲ့သည့် ခပ်ကြီးကြီး အိတ်ရှုံ့ကိုသာ ဖြုတ်ယူလိုက်ပြီး ကြိုးထုံးမှ ဆွဲကာသာ ဖြည်ဟလိုက်ပါတော့သည်။အနှီအိပ်ထဲမှာ မျှင်သွယ်သည့် အပ်ချောင်းလေးများစွာကို အစီစဥ်တကျ ထိုးစိုက်ထားခဲ့သည့် အဝတ်ထူစလေး တစ်ခုနှင့်အတူ အသေးစား ဆေးဝါးပစ္စည်းလေးများကို အစုံအလင်ဘဲ တွေ့ရသည်။

My ShiFu Kiss Me!!!( Completed )Where stories live. Discover now