58(U+Z)

5.3K 685 109
                                    

*ဆရာတော် သွေးတက်ပြန်ပြီ*

အနှီနှစ်များတွင် များပြားလှသည့် အဖြစ်ပျက်များစွာ ဖြစ်ပွားခဲ့သည်။ဝူရှ၏ စိတ်ထဲတွင်လည်း ခံစားချက်ပေါင်းစုံ နေရာယူလာနိုင်ခဲ့ပြီ ဖြစ်သည်။

ဟင်းများ၏ စုံလင်သည့် အရသာများဖြစ်သည့် ချဥ်၊ ချို၊ ဖန်၊ စပ်၊ ခါးနှင့် ပေါ့ စသည့်အဓိပ္ပါယ်များကို ခံစား ဖွင့်ဆိုတက်လာခဲ့လျှင်ပင်...
ရင်ဘက်နေရာက ဖြစ်ပေါ်လာသည့် အနှီခံစားချက်များကိုတော့ နားလည်နိုင်ခဲ့ရုံ အခုထိလည်း အမည်တစ်စုံတစ်ရာနှင့် အတိအကျတော့ မဖော်ပြနိုင်စွမ်းသေးလေ။

အချို့သော ခံစားချက်များမှာ မရေမရာနှင့် လိုအင်ဆန္ဒ၊အလားတူ တပ်မက်မှုများပါ ပေါင်းစပ်ကာ ပါဝင်နေပြန်သေးသည်။
အနှီတပ်မက်မှုများမှာ ဝူရှ၏ စိတ်အစုံကို အစိုးမရနိုင်စွာ ညစ်ထွေးသွားစေနိုင်သည်။ဤသို့သော ခံစားချက်များက အမည်တပ်ရန် အခတ်ခဲဆုံးလည်း ဖြစ်သည်။

ချင်းအော်၏ အတိတ်ဇာတ်ကြောင်းကို သိရှိခွင့်ရလိုက်ပြီးနောက် ဝူရှမှာ ချင်းအော်၏ အပေါ်၌ ထပ်မံ၍ အပစ်မသင့်စေလိုတော့လေ။
ယခုအချိန်အထိ ချင်းအော်နှင့် ပတ်သက်၍ သူ ပိုင်ဆိုင်ခွင့်ရခဲ့သည်ဆိုသည်က သူ၏ အပစ်ရှိစိတ်နှင့် တစ်ခုတည်းသော မိုက်မဲမှုသာ ဖြစ်လေသည်။

ဝူမောင်နှမနှင့် ဝေးရာ...
သွမ့်ရုံချင်း၏ မျက်ကွယ်...
သူ့အား အနှီသူတို့ အလွယ်တကူ ရှာမတွေ့နိုင်ကြလိမ့်မည့် တောင်ထွဋ်တစ်ခု၏ အပေါ်က ထျန်းရာဟု အမည်ရလေသည့် ဘုံကျောင်းထံသို့ ဆိုက်ရောက်လာခဲ့မိခြင်း ဖြစ်သည်။

အနှီဘုံကျောင်း၌ ကိုယ်တော်ငယ်လေးများဆိုသည်က မရှိသလောက်ပင် ရှားပါးလွန်းသည်။ဘုန်းတော်ကြီးများသာ စုဝေးနေလေသည့် ဘုံကျောင်းတစ်ခုမို့ အသက်အရွယ်အရလည်း ဝူရှစိတ်ကို သက်တောင့်သက်သာ ဖြစ်စေခဲ့၏။ကျောင်းထိုင်ဆရာတော် အန်းချွမ်ဆိုသူထံသို့ တိုက်ရိုက်ခွင့်တောင်းကာဘဲ ထိုနေ့က ဆံချရန်အတွက် ပြင်ခဲ့သည်။

သို့သော်လည်း ဆံချသည့်ထို့နေ့မှာဘဲ ကျောင်းထိုင်ဆရာတော်မှ သူ့ကို မေးမြန်းလာခဲ့သည့် မေးခွန်းများကို အမှန်တိုင်း ဖြေဆိုမိခဲ့၍...
အခုဆို တစ်လပင် ကျော်လာခဲ့ပြီကို ဒကာကြီးက စိတ်ငြိမ်အောင်သာ ဦးစွာ ပြုလုပ်ရလေ့မည်ဆိုသည့် အနှီစကားဖြင့်ဘဲ နေ့စဥ်နေ့တိုင်းဆိုသလို ကျမ်းစာများကိုသာ ကူချနေခဲ့ရသည်။

My ShiFu Kiss Me!!!( Completed )Where stories live. Discover now