57(U+Z)

5.2K 618 7
                                    

*ဝူရှ ဘုန်းကြီး ဝတ်သွားပါပြီ*

ပါရှားနှင့် တာ့မင်၏ နှစ်နိုင်ငံစစ်ပွဲက အဆုံးသက်ခဲ့ပြီး နှစ်ပါတ်မြောက်မှာတော့ ပါရှားနိုင်ငံဘက်မှ တာ့မင်ကို ချစ်ကြည်ရေး စတင်ကာ ကမ်းလှမ်းလာခဲ့သည်။

စစ်ခင်းထားပြီး ချစ်ကြည်ရေး ကမ်းလှမ်းလာခဲ့သည့် အချိန်အတိုင်းအတာမှာ အင်မတန်မှကို မြန်ဆန်ကာ ယုံကြည်နိုင်ဖွယ်မရှိ တိုတောင်းလွန်းနေခဲ့သည့်တိုင်...
ကလေးငယ် အားလာ့အန်းမူလော့မှာ ပါရှားဘုရင် အားလားထော့လေ့၏ တစ်ဦးတည်းသော နန်းမွေဆက်ခံသား ဖြစ်နေခဲ့သည်မို့လည်း ဤသည်က တင့်အပ်လျောက်ပတ်လှပါသည်။

တစ်နည်းအားဖြင့်လည်း ချစ်ကြည်ရေး ယူရန် လုံးဝ မဖြစ်နိုင်လေဟု အများက ယူဆထားခဲ့ကြသည့်၊ ချင်နှင့်မင် နှစ်နိုင်ငံ၏ ချစ်ကြည်ရေးကြောင့်လည်း အနှီချစ်ကြည်ရေးကို ကမ်းလှမ်းခဲ့ခြင်းမျိုး ဖြစ်နိုင်ပါသည်။

ပါရှား၏ ချစ်ကြည်ရေး သဝဏ်လွှာအတွင်းမှာ တောင်းဆိုမှုအချို့တော့ ပါဝင်လာခဲ့သည်။ဤသည်မှာ အန်းမူလော့ကို ၁၅ နှစ်သားအရွယ်တွင် ပါရှားသို့ သုံးလတိတိ သွားရောက်ကာ နေထိုင်ခွင့်ပြုရမည်ဆိုသည့် တောင်းဆိုချက်တစ်ခုပင် ဖြစ်သည်။

သွမ့်ရုံချင်း လက်ခံဖြစ်ခဲ့ပါသည်။အဘယ့်ကြောင့်ဆိုသော် ဖခင်အရင်းနှင့် သားဖြစ်သူမှာ ထိုမျှတော့ တွေ့ဆုံခွင့်ရှိနေသင့်သည်ဟု သူ တွေးမိခဲ့၍လည်း ဖြစ်သည်။ထို့ကြောင့်လည်း နှစ်နိုင်ငံ၏ ချစ်ကြည်ရေးမှာဖြင့် အန်းမူလော့လေး၏ ၁၅ နှစ်အရွယ်အထိ တိုင်အောင်တော့ တည်မြဲနိုင်လိမ့်မည် ယူဆရပါသည်။

ယခု အန်းမူလော့လေးမှာ ၅ နှစ်သာသာ ကလေးငယ်လေး တစ်ဦးသာမို့လည်း အချိန်အတော်ကြာသည်ထိ သူနှင့်အတူရှိနေလိမ့်ဦးမည်ဆိုသည့် အချက်ဖြင့်လည်း၊သွမ့်ရုံချင်းတစ်ယောက် အနှီတောင်းဆိုချက်ကြီးကို  တုံ့ဆိုင်းမှုမရှိဘဲ လက်ခံလိုက်လေခြင်း ဖြစ်သည်။

စစ်ကြောင်းကြောင့် ဒဏ်ရာရရှိခဲ့သည့် တပ်သားများနှင့်အတူ သူတို့၏မိသားစုဝင်များကို အထောက်အပံ့များစွာဖြင့် အကျိုးပြုဖြစ်ခဲ့သည်။တစ်ဖတ်တွင်လည်း ချင်နိုင်ငံသို့ လူယုံစေလွှတ်ကာ ဝူရှ၏ သတင်းကို စုံစမ်းခိုင်းထားခဲ့လျှက်

My ShiFu Kiss Me!!!( Completed )Where stories live. Discover now