*အိမ်ရှေ့စံ၏ မွေးနေ့ပွဲ*
သွမ့်ရုံချင်း၏ အသက်၂၀ပြည့် မွေးနေ့ပွဲတော်နေ့ ဖြစ်သည်။ထို့ကြောင့် လက်ရှိ တာလီနန်းတော်ကြီးတစ်ခုလုံးမှာ ရုတ်ရုတ်သဲသဲနှင့် စည်းကား၍နေသည်။ဖွေးစွတ် နှင်းပွင့်များရယ် ဆောင်းနှောင်း၏ မြောက်လေက အသဲခိုက်လုမတက် အေးစိမ့်မှုကို ဆီးပန်းပွင့်များ၏ သင်းပျံ့မှုနှင့်အတူ သယ်ဆောင်လာခဲ့ပေသည်။
ပတ်ဝန်းကျင်၏ အနှီဖွေးဖွေးစွတ် နှင်းထုကြီးကိုပင် လစ်လျုရှုထားနိုင်အောင် စားဖွယ် သောက်ဖွယ်များကို သယ်ဆောင်ကာသာ ပြေးလွှားနေခဲ့ကြသည့် နန်းစေတိုင်း၏ ပုခုံးများအထက်မှာ ခပ်ပွပွ သိုးမွှေးခြုံလွှာများ ကိုယ်စီကိုယ်ငှ ဝတ်ဆင်ထားခဲ့ကြသည်။သူတို့က မွေးနေ့ပွဲ ကျင်းပနေရာ အဓိက နန်းဆောင်ထံကို စွမ်းအင်ကုန် သုတ်ခြေတင်နေခဲ့ခြင်း ဖြစ်ပါသည်။
ထိုနေ့မနက်ခင်းတွင် သွမ့်ရုံချင်းမှာ နန်းစေများ၏ အိမ်ရှေ့စံကျင့်ဝတ်နှင့် သင့်တော်လျှောက်ပတ်သည့် ဝတ်စား ဆင်ယဥ်မှု၊ ဆံပင်ထုံးဖွဲ့မှုပါမကျန် ဝိုင်းဝန်း ပြင်ဆင်ပေးကြခြင်းကို ညည်းညူခွင့်ပင် မရှိလေ။ငြိမ်ခံပေးနေရပါသည်။အလားတူ ဒီကနေ့တွင်တော့ သူကိုယ်တိုင်က အိမ်ရှေ့စံတစ်ဦး၏ ဣန္ဒြေတော်ကိုလည်း အထူးတလည် ကျင့်သုံးနေရလိမ့်မည်။
အထပ်ထပ် အခါခါ တွဲဖတ်ကာ ဝတ်ဆင်ပေးနေခဲ့သည့် ဝတ်စုံရှည်များစွာနှင့်အတူ နောက်ဆုံးမှာတော့ လက်ကားဝတ်ရုံ အရှည်တစ်ထည်ဖြင့် အဆုံးသက်ခဲ့သည်။အနှီဝတ်ရုံမှာ ကျက်သရေအပေါင်းတို့ ခစားရလေခြင်း၏ အရောင်ဖြစ်သည့် အပြာရင့်ရင့် ပိုးဖဲသားကိုမှ အနားသက်များအား ငွေဖြူရောင် တော်ဝင်တိမ်စိုင်ပန်းခတ်များနှင့် ပုံဖော်ထားခဲ့သည့် အနုပညာလက်ရာ မြောက်လွန်းသည့် ချည်ထိုး ပန်ထိုး ဝတ်ရုံကြီးဘဲ ဖြစ်သည်။
သွမ့်ရုံချင်း၏ လူငယ်ဆန်ဆန် ပေါ့ပါးလန်းဆန်းသည့် မျက်နှာနှင့် အနှီဝတ်စုံတို့၏ တွဲဖတ်မှုမှာဖြင့် အင်မတန်မှ ပနံသင့်လှသည်။ခန့်ညားသည်။ထည်ဝါလှသည်။သို့သည့်တိုင် အနှီသူ၏ ချောမောလှပကာ တစ်ဖန်တက်ကြွလေသည့် ငယ်ဂုဏ်ဆောင် မျက်နှာနုနုလေးကိုတော့ မရင့်သီးသွားစေပြန်။
YOU ARE READING
My ShiFu Kiss Me!!!( Completed )