52(U+Z)

5.1K 621 4
                                    

*ခမည်းတော်အပိုင်...*

သွမ့်ရုံချင်း၏ သံချပ်ကာ ဝတ်စုံမှ ထွက်ပေါ်လာခဲ့သည့် တချွင်ချွင် အသံများ ထပ်မံ၍ မကြားရတော့သည်ကို အတည်ပြုသည်။သေချာပြီဆိုတော့မှ ဝူရှ သက်ပြင်းတစ်ချက် ဆွဲချမိလျှက် အမြန်ဘဲ ရေချိုးခြင်းအမှုကို လက်စသက်ဖြစ်လိုက်ပါသည်။

အဝတ်လဲ ပြင်ဆင်ပြီးသွားသည့်နောက် သဝဏ်လွှာစာလိပ်ကို ဝတ်ရုံလက်ထဲသို့ သေသေသပ်သပ် ထည့်လိုက်သည်။အနှီအခိုက်အတန့်မှာဘဲ တစ်စုံတစ်ခုကို ဖျတ်ကနဲ သတိပြုလိုက်မိသည်မို့လည်း နှုတ်ကနေ ခပ်ဖွဖွ ညည်းတွားလိုက်မိသည်။

"ချင်းအော်...သူဘာလို့ စစ်ဝတ်တန်ဆာအပြည့်နဲ့ ဖြစ်နေရတာလဲ...မဟုတ်မှလွဲရော ချင်တိုင်းပြည်ကိုများ...''

ခပ်တွေတွေလေး ဖြစ်သွားမိရင်းက မကြာလိုက်ပါ ချက်ချင်းလက်ငင်း စိတ်အေးသွားရပြန်သည့် မျက်နှာလေးဖြင့်ဘဲ...

"အိုင်း မဟုတ်လောက်ပါဘူး။စစ်တိုက်မယ်ဆိုရင် ငါ့ကို ဒီသဝဏ်လွှာပေးဖို့ မဖြစ်နိုင်ဘူး။မစဥ်းစားတော့ဘူး...အမြန်ပြန်ရမယ်။ဟုတ်တယ် အမြန်ပြန်ဖို့ လုပ်ရမယ်''

ခပ်ရေးရေး အပြုံးတစ်ပွင့်နှင့်အတူ အနှီနန်းဆောင်ကနေ ပေါ့ပေါ့ပါးပါးဘဲ ထွက်လာခဲ့လိုက်သည်။တံခါးဝမှာ အစေခံမလေး နှစ်ဦး သုံးဦးမျှကိုတော့ တွေ့လိုက်ရသေးသည့်တိုင် ဂရုစိုက်လိုစိတ် အလျှင်းကင်းခဲ့၏၊ခြေလှမ်းများကိုဘဲ ခပ်မြန်မြန် အရှိန်တင်လျှက် နန်းပြင်သို့ ရောက်နိုင်စေရန်ကို ဆန္ဒစောစွာသာ ကြိုးပမ်းလာခဲ့သည်။

နန်းဆောင်အပြင်ဘက်သို့ လွတ်လွတ်ကင်းကင်း ရောက်လာနိုင်ခဲ့သည်နှင့်တင် အနည်းငယ်လေးတော့ နှမြောတသသ ဖြစ်မိသေးသည့် ခံစားချက်ကြောင့်လည်း အနောက်သို့ လည်ပြန် တစ်ချက် လှည့်ကြည့်လိုက်မိ၏။ဦးခေါင်းတစ်ခုလုံးအပြည့် မြင်ယောင်မိသည်။ချင်းအော်၏ ငါနှစ်အကြာမှ ပြန်တွေ့ဖြစ်ခဲ့ကြသည့် ရင့်ကျက်ခဲ့သည့် မာထန်ထန် မျက်နှာလေးကို နှုတ်ဆက်မိပါသည်။

My ShiFu Kiss Me!!!( Completed )Where stories live. Discover now