17(U+Z)

6.8K 910 15
                                    

*ရွှေလက်ညှိုးသိုင်းကျမ်း*

စောင့်တွန်းကာ ဖွင့်ဟခြင်း ခံလိုက်ရသည့် တံခါးနှစ်ချပ်ထံသို့ အခန်းအတွင်းက သွမ့်ရုံချင်းတို့ သုံးဦးသား၏ အကြည့်များ စူးရောက်သွားသည်နှင့် တစ်ပြိုင်နက်...
ဒရောသောပါး ဝင်ရောင်လာခဲ့သည့် ကျန်ဆရာသုံးဦးကို အတွဲလိုက်ကြီးပင် မြင်တွေ့လိုက်ရပါတော့သည်။

ထိုဆရာသုံးဦးနဲ့ကျမှ သွမ့်ရုံချင်း ကောင်းကောင်းအထုအထောင်း ခံရတော့မည်။ဦးစွာ ယွီမောင်က ကုတင်အထက်၌ မျက်စိသူငယ် နားသူငယ်လေးနှင့် ထိုင်ရပ်သား သွမ့်ရုံချင်း၏ ခေါင်းကို တစ်ပတ်လောက် လည်ထွက်သွားလုမတက်ပင် ရိုက်ချပစ်လိုက်ပေသည်။နှုတ်ကနေလည်း...

"ငါ့အပေါ်မှာ အဲ့ဒီသနားကမားအကွက် လာခင်းလို့ရမယ် မထင်နဲ့ကွ။တော်တော်ကို ဒုက္ခပေးနိုင်တဲ့ ခွေးစုတ်လေး မင်းကို ရိုက်သက်ပစ်မယ်!''

"အာ့ ဆရာ !  ဆရာမ ကယ်ပါဦး!''

ဖန်မိန်ရှင်းကဘဲ ဝင်တားရရှာသည်။

"အကိုယွီမောင်...မလုပ်ပါနဲ့။ချင်းအော်က အခုမှ သတိရလာကာစဆိုတော့ သူ့ခမျာ အားအင် ရှိရှာမှာတောင် မဟုတ်ဘူး။ကြမ်းကြမ်းရမ်းရမ်းတွေ မဆုံးမပါသေးနဲ့ဦး...''

ဖန်မိန်ရှင်း၏ အပြောကြောင့်သာ ထပ်မံ၍ ရိုက်နှက်မလာခဲ့တော့ပေမဲ့ ရိုက်ချင်လွန်း၍ အခဲမကျေနိုင်ပင် ဖြစ်နေခဲ့လေသော ဆရာယွီမောင်၏ မျက်ခုံးထူထူကြီး နှစ်ဖတ်မှာဖြင့် ပျက်ထွက်လုလု လှေးကြိုးကြီးတွေကဲ့သို့ပါပင်။သွမ့်ရုံချင်းလေးခမျာ သူ့ဆရာမ၏ ကျောအနောက်တွင်သာ ဂုတ်ကလေး ပုဝင်ထားလျှက်။

ဆရာ(၁)ယွီမောင်ကတော့ ငြိမ်သက်သွားခဲ့သည့်တိုင် ဆရာ(၂)ခိုင်ဖုန်းမှာဖြင့် သူ၏အနားကို တစ်ဖန် တိုးကပ်လာခဲ့ပြန်ကာ ငယ်ထိပ်နေရာကို တဂွတ်ဂွက်နှင့် မြည်တွန်သည်အထိဘဲ ထုခေါက်လာခဲ့သည်။

"ငါကတော့ မညှာတာပေးနိုင်ဘူး။လမုန့်ပွဲတော် အပြင်ထွက်မယ်ဆိုလည်း တစ်ခြားနေရာကို သွားမလယ်ဘူး။လုံရှင်းလို ဂေဟာမျိုးကိုမှ အပျော်သွားရှာရဲတယ်ပေါ့ ဟုတ်လား...လာခဲ့စမ်း ဒီကို တိုးခဲ့!''

My ShiFu Kiss Me!!!( Completed )Where stories live. Discover now