*စောင့်စည်းရသည်ကို ဝါသနာ မပါ*
ဝူရှတစ်ယောက် မင်နိုင်ငံသို့ တစ်ကိုယ်တော် ခရီးစဥ်ကို တွေဝေမှုကင်းစွာ စတင်လိုက်တော့သည်။မည်သည့် ကိုယ်ရံတော်ကိုမျှလည်း အတူတကွ မခေါ်ဆောင်လာဖြစ်။မင်ရန်မှာ သူ့အား အသင့် စောင့်ရှောက်ပေးကြစေရန်အလို့ငှာ ကိုယ်ရံတော် တပ်မှုးနှစ်ဦးတော့ ထည့်ပေးလိုက်ဖို့ရာ စီစဥ်ထားခဲ့သည့်တိုင် သူကတော့ နဂို အပေါင်းအသင်းမဆံ့သူမို့ စိတ်ရှုပ်လှသည်ဟု ခံစားရတာမို့လည်း အနှီအကြံကို အတိငြင်းဆန်ခဲ့သည်။
ချင်တိုင်းပြည်၏ အဓိက အမွေအနှစ်များ ဖြစ်သည့် ဂျင်ဆင်း၊ လင်ဇီးနှင့် ရှားပါး နှစ်ချို့မှိုပင်များကို လေးထောင့်သဏ္ဍာန် ကျောက်စိမ်းသေတ္တာဖြင့် ထည့်သည်။အဝတ်ဖြင့်တစ်ဖန် ထုတ်ပိုးလိုက်ပြီး ကျောမှာ သိုင်းလွယ်လျှက်သာ သယ်ပိုး ထွက်ခွာလာခဲ့ပါတော့သည်။
ချင်နှင့်မင် နှစ်ပြည်ထောင်အကြားမှာ တစ်မိုင်ခန့် နီးပါးအထိ ကျယ်ပြောလေသည့် မြေတလင်းပြင်ကြီးတစ်ခု ရှိသည်။အနှီနယ်နမိတ်မှာ မြေဆီလွှာချို့တဲ့မှုကြောင့် အမြဲလိုလို မိုးခေါင်နေတက်ပြီး လေပူများဖြင့်လည်း ခြောက်သွေ့ပူလောင်သည်။သီးနှံပင်များ စိုက်ပျိုးရန်ကလည်း အင်မတန် အဆင်မပြေနိုင်တော့ လူများက သူတို့နေထိုင်ရန်အတွက် အထူးတလည် ရှောင်ကြဥ်တက်ကြသည့် မြေဆိုးလွင်ပြင်ကြီးတစ်ခုပင် ဖြစ်ပေသည်။
သို့သည့်တိုင် အနှီရပ်ဝန်းမှာ ကန္တာရပေတော့လည်း ဟုတ်မနေပါ။မြေကြီးများ ကွဲအက်ကာ အပူငွေ့များ လှိုင်လှိုင်ထွက်နေသည့် ကြမ်းရှရှ မြေဆိုးပြင်ကျယ်ကြီးတစ်ခုသာ ဖြစ်သည်။
ဝူရှ အသင့်ဆောင်လာခဲ့သည့် ဘူးသီးပုံရေဘူးလေးကိုသာ အမှီသဟဲပြုရလျှက် မနားမနေဘဲ ခရီးဆက်လာခဲ့ရင်း ယခုတော့ မင်တိုင်းပြည်၏ မြို့ရိုးကို ဆိုက်ရောက်လာနိုင်ခဲ့ပြီ။
အင်မတန် မြင့်မားထည်ဝါသည့် မြို့ရိုးတံတိုင်းကြီး၏ အရှေ့မှာ ဂိတ်တံခါးစောင့်ရဲမက်များဆိုသည်ရယ် အစီအတန်းလိုက် နေရာယူနေကြသည်။မြို့တွင်း ဝင်ရောက်ကြမည့် ခရီးသည်များထံကို စစ်ဆေး မေးမြန်းခြင်းအမှုအား တင်းကျပ်စွာဘဲ ပြုလုပ်နေ၏။မေးခွန်းအချို့ မေးမြန်းပြီး သူတို့အလိုရှိရာကို ဖြေဆိုပေးနိုင်မှသာ တိုင်းပြည်အတွင်းသို့ ဝင်ခွင့်ပြုပေးပုံ ရပါသည်။
YOU ARE READING
My ShiFu Kiss Me!!!( Completed )