Extra Part-2

2.2K 166 8
                                    

*ဆရာငယ်လေးက အနိုင်လာကျင့်နေတယ်*

တာ့မင်၏ ညနေခင်း ဆည်းဆာအရောင် ရဲဖျဖျမှာ အင်မတန်မှ နှစ်လိုဖွယ် အတိပြီးနေပေသည်။ကောင်ငယ်လေးက သူ့ဆရာ၏ လက်ကောက်ဝတ် မျှောမျှောလေးကို ဆုတ်ကိုင်ထားလျှက် လမ်းဘေးမုန့်များ၏ အရသာများကို လိုက်လံမြည်းစမ်းကာဘဲ ပျော်မြူးနေခဲ့သည်။

လမ်းဘေး ပုံပြောသူတို့၏ နွားကျောင်းသားနှင့် နတ်သမီး ပုံပြင်ကိုပင် နှစ်ဦးသားက ဖတ်ထုတ် ခေါက်ဆွဲလေး တစ်ပွဲစီနှင့် အခကြေးငွေပေးကာ နားထောင်ဖြစ်ခဲ့ကြသေး၏။

ရိုးစင်းလွန်းလျှက် လူတိုင်းနှင့် ငယ်စဥ်ကတည်းက အကျွမ်းတဝင် ရှိနေခဲ့သည့် ပုံပြင်ဟောင်းလေးတစ်ပုဒ် ဖြစ်နေခဲ့တာပင် ချစ်ရသူနှင့်အတူ ဤကဲ့သို့ အကြည့်ချင်းဆုံကာဘဲ နားထောင်နေရတော့ ပုံပြင်လေးမှာ အင်မတန်မှ ဆန်းကြယ်စွာ သစ်လွင်နေခဲ့သည် ပြောရမလို။

အလားတူ လမ်းဘေး အဆင်တန်ဆာ ဈေးသည်များထံမှ အဆင်တန်ဆာ ပိစိလေးများကိုဘဲ သူ့ဆရာငယ်လေး၏ ကိုယ်ပေါ်တွင် ကပ်ကြည့်လိုက်၊ တစ်ဖန် ဈေးနှုန်းကို မေးမြန်းလိုက်နှင့် လွတ်လပ်မှု၏ အရသာကို အပြည့်အဝပင် ခံစားနေလေသည့် တပည့်ကောင်လေး ဖြစ်သည်။

ဆရာငယ်လေးမှာလည်း တပည့်ငယ်လေး၏ ပေါ့ပါးစွာ ပြုံးရယ်နေခဲ့သည့် မျက်နှာ ထင်းထင်းလေးကို တစ်ချက် တစ်ချက်တွင် မသိမသာလေး အတည်ပြု ငေးကြည့်နေမိရင်း အင်မတိအင်မတန်မှဘဲ စိတ်ချမ်းမြေ့နေခဲ့တော့သည်။

ဤသို့ဖြင့် ကောင်းကင်ကြီး အထက်မှာ ကြယ်အစုံ လအစုံပင် နေရာယူထားလေပြီ ဖြစ်သည့် ညချမ်း အချိန်အခါကို ဆိုက်ရောက်လာခဲ့သည်။မင်ဘုရင်ယွီဝမ်ယွဲ့အဖြစ်နှင့် သူ၏ ဆရာလေးကို ငါးလကျော်လောက်ပင် မထိမတွေ့ဘဲ အလွှတ်ပေးထားခဲ့ရသည့် သွမ့်ရုံချင်းရယ်...

အနှီ ငါးလကျော်လုံးကိုလည်း သေချာပေါက် ဆရာငယ်လေးအတွက် ဆိုသည့် ခေါင်းစဥ်နှင့်သာ နန်းတွင်းရေးရာများကို အားအင်ကုန် ရုန်းကန်ခဲ့ရသည်။သို့ပေမဲ့ ယခုတော့ မိုးနတ်မင်းကြီး၏ မျက်နှာသာပေးလာမှုကြောင့်ဘဲ ဤကဲ့သို့ သူ၏ ဆရာလေးကို အဖော်ပြုပေးခွင့်ရနေလေပြီး လက်ရှိအခိုက်အတန့်ကိုဘဲ သူ သေချာပေါက် ကောင်းကောင်း အသုံးချလိုက်သင့်သည်။

My ShiFu Kiss Me!!!( Completed )Donde viven las historias. Descúbrelo ahora