18(U+Z)

6.2K 912 2
                                    

*ဝူရှ...ဝူရှ...ဝူရှ*

တီတီတာတာမျက်နှာပေးလေးနှင့် အနှီကောင်လေး၏ စကားကြောင့်လည်း မယ်တော်၏ မျက်နှာအထက်မှာ ချက်ချင်းဆိုသလို အပြုံးနုနုလေး တစ်ပွင့် ဖြတ်ပြေးသွားခဲ့ပေသည်။သားအဖ၏ စာသင်စားပွဲမှာ ခပ်ရို့ရို့လေးပင် ဝင်ထိုင်လိုက်ပေပြီး...

"ဒီအပြောလေးတွေနဲ့ဘဲ နန်းပြင်က ကောင်မလေးတွေကို ချွေချထားခဲ့တာလား ချင်းအော် ပြောပါဦး...တကယ်ကို ဖအေတူသားလေးဘဲ မင်းကတော့...''

သွမ့်ရုံချင်းမှာလည်း ကပိုကရိုလေး ပြုံးပြလိုက်ရင်းသာ မိခင်ရှိရာကို ခပ်ဖြည်းဖြည်းချင်းလေး တိုးကပ်သွားလိုက်ပြီး မိခင်၏ တစ်ကိုယ်လုံးကို အနောက်မှသာ သိုင်းဖတ်ထားလိုက်ပါတော့သည်။တစ်ဖန်လည်း သူမ၏ ပုခုံးအထက်မှာဘဲ မေးလေး ခပ်ဖွဖွ မှီတင်ထားလိုက်သေးရင်း...

"အမှန်ဘဲ ခမည်းတော်နဲ့ တူတာ ဖြစ်နိုင်တယ်။အဲ့ဒါကြောင့်လည်း မယ်တော့်ကို အချစ်ပိုနေတာ နေမယ်...''

"အချွဲလေး...အကဲလာပိုနေပြန်ပါပြီလေ...''

သွမ့်ရုံချင်း ဖတ်တွယ်ထားခဲ့သည့် လက်မောင်းတစ်ဖတ် နေရာလေးကို အညင်တသာလေး ထုရိုက်လာကာပင် ဆိုလာခဲ့ခြင်း ဖြစ်သည်။သွမ့်ဦးရီးတော်ကိုယ်တိုင်ပင်လျှင် ထိုသားအမိကို ကြည့်ရင်း ပြုံးရေးနေမိသည်။

သို့သည့်တိုင် သွမ့်ဦးရီးတော်မှာ အလိုလိုက်မပေးသင့်သည့် သွမ့်ရုံချင်းလေး၏ အကြောင်းကို ကောင်းမွန်စွာပင် နားလည်ထားခဲ့ဟန်ဖြင့်လည်း ချက်ချင်းဆိုသလို သူ၏မျက်နှာကြောကို ပြန်ထိန်းလိုက်ပေသည်။

"ချင်းအော်...ခနနေရင် ဆရာခိုင်ဖုန်းရဲ့ အချိန်။အသေအချာ လိုက်သင်ရမယ်နော်''

"အိုး...တကယ်က သားတော် အသေအချာလေး လိုက်မှတ်ပါတယ်။ဒါပေမဲ့ အခုတစ်လောကျ ပိုပန်ပင်းပြီးတော့ မမှတ်နိုင်ဘူး။ခမည်းတော်...သာတော်ကို နားချိန်လေး စီစဉ်ပေးပါလားဟင်...''

"အပိုတွေ ပြောပြန်ပြီ။မင်းက ဘယ်တုန်းကများ စိတ်ပါလက်ပါ ရှိခဲ့ဖူးလို့လဲ...''

"အိုက်ယား...တကယ်ပြောတာ။ဓားအတက်သင်တွေဆို အကုန်လုံးတောင် မှတ်မိနေပြီ။ကျွန်တော်က ဒီလောက် ဉာဏ်ကောင်းတာ။ဓားရေးဘဲ လိုက်မချတက်ရုံ ရှိတာ။အဲ့ဒါကြောင့် ကျွန်တော့်ကို တစ်လလောက် နားချိန်လေး လုပ်ပေးပါလားလို့နော် ခမည်းတော်လို့...''

My ShiFu Kiss Me!!!( Completed )Where stories live. Discover now