*ဝူရှ ငါမင်းကို မုန်းတယ်*
ခန်းမဆောင်မှာ အဝင်အထွက်ပြုနိုင်ရန်အတွက် အဓိက တံခါးမကြီး နှစ်ပေါက် ရှိလေသည်။သွမ့်ကတော်နှင့် ဖန်မိန်ရှင်းတို့ နှစ်ဦးလုံး လက်ရှိခန်းမဆောင် အတွင်းရှိ အဖြစ်အပျက်များကို လည်ပြန် လှည်ပင် မကြည့်နိုင်ခဲ့ကြဘဲ သွမ့်ရုံချင်းလေးကို အဓမ္မဆွဲခေါ်ကာသာ ညာဘက် အထွက်တံခါးမှ အလုအယက် ပြေးထွက်လာခဲ့ကြသည်။
ငိုယိုနေမိရုံကလွဲ၍ ယခုအချိန်မှာ သွမ့်ရုံချင်း သူ့အား လက်မောင်းရင်း တစ်ဖက်စီမှ ကာကွယ်လျှက် တွဲခေါ်ပေးခဲ့ကြသည့် အနှီမိန်းမသားနှစ်ဦးကြောင့်ပင် သူ့ကိုယ်သူကို စိတ်ကုန် မုန်းတီးမိပါသည်။
အလေလိုက် ပျော်ပါးခဲ့ချိန်များ အပေါ်မှာ ပထမဦးဆုံးအကြိမ်အဖြစ် နောင်တစိတ် ဝင်မိခြင်း ဖြစ်သည်။သေချာသည်ကတော့ တစ်နေ့မှာ ဒီကနေ့ကဲ့သို့ အဖြစ်အပျက်မျိုး ဖြစ်လာခဲ့လိမ့်မည်ကိုသာ ကြိုတင်၍ သိရှိခဲ့သည်ရှိသော် သူသည်ကား ဒီလိုမျိုး ပျော့ညံ့နေဖို့သာ လုပ်ခဲ့မိမှာ မဟုတ်ဘူး ဖြစ်သည်။
လဲကျသေဆုံးနေကြသည့် လူများကြားထဲမှ တိုးခွေ့လျှက် ခန်းမ၏ တံခါးအပြင်ကို အန္တရာယ်ကင်းကင်းနှင့်သာ ထွက်လာနိုင်ခဲ့ကြပြီ။အရာရာက မျက်တောင်တစ်ခတ်စာ အတွင်းမှာတင် ဖြစ်ပျက်သွားခဲ့သည်။
ထိုစဉ် သုံးဦးသား၏ အရှေ့ကို အဝေးမှ တစ်စုံတစ်ခု ရုတ်ခြည်း လွင့်စင်ကျလာခဲ့သည်မို့လည်း ခြေလှမ်းများ တန့်သွားမိကြပြီး...
ဘုန်း!
သွမ့်ရုံချင်း၏ ဆရာ(ဆရာ၅) ယွီမောင်၏ သေဆုံးပြီးသား ခန္ဓာကိုယ်ပင် ဖြစ်ပါသည်။သူတို့၏ အရှေ့သို့ တမင်တကာ ပစ်ချလိုက်ခြင်း။အနှီသေဆုံးပြီး ခန္ဓာကိုယ်ကြီး၏ အရှေ့မှာဘဲ သွေးပျက်သည့်မျက်ဝန်းများနှင့် အရုပ်ကြိုးပြတ် ထိုင်ချလိုက်လေသူကတော့ ဖန်မိန်ရှင်း ဖြစ်သည်။ဆရာယွီမောင်ကို သူမ၏ ရင်ခွင်ထဲအထိ ဆွဲထွေးထည့်လျှက်သာ စတင်ကာ ငိုကြွေးတော့သည်။ဤသည်က သူမကိုအလိုလိုက်ဆုံး အချစ်ဆုံးသော အကိုကြီးတစ်ယောက်ဘဲ ဖြစ်ပေ၏။
YOU ARE READING
My ShiFu Kiss Me!!!( Completed )