*ဆေးမှာဝူ သိုင်းမှာသွမ့်*
ဝူရှကို ဆရာများနေသည့် အဆောင်ဘက်သို့ ပြန်လိုက်ပို့ပေးခဲ့ကာ ထိုညကတော့ ထိုမျှတင် ဆရာတပည့် နှစ်ဦးသား လမ်းခွဲလိုက်ကြသည်။
သူ၏အိပ်ဆောင်ဘက်ကို ဆိုက်ရောက်လာခဲ့သည်နှင့် အဘယ်ကြောင့်မှန်းမသိ သွမ့်ရုံချင်းတစ်ယောက် အင်းအဲမလုပ် သုန်မှုန်နေတော့တာကို သတိထားမိသည်။သို့သည့်တိုင် ဝူရှကလည်း မည်သည့် စကားတို့မျှ ထပ်မဆိုဖြစ်လိုက်ပါဘဲ သူ၏အဆောင်အတွင်းကိုသာ လှည့်ဝင်လာခဲ့လိုက်သည်။
သွမ့်ရုံချင်း ဝူရှ၏ ကျောပြင်လေးကိုသာ ငေးကြည့်ကျန်ခဲ့ရင်း နှုတ်ကနေလည်း လေတိုးသံလေးနှင့်ဘဲ ညည်းတွားလိုက်မိသည်။
"အိုင်း ထပ်ပြီး ခွဲရပြန်ပြီ...''
ဝူရှနှင့် ပတ်သက်၍ အင်မတန်မှ အဖြစ်သည်းလွန်းနေသည် ခံစားရသည့် သူ့နှလုံးသားလေးကိုသာ ခေါင်းနှစ်ချက်ခန့်ရမ်းကာ ရယ်သွမ်းလိုက်မိပြီး...
"သွမ့်ရုံချင်းရာ သွမ့်ရုံချင်း...မင်းကတော့ ကောင်းကောင်းကြီးကို ကျရှုံးနေတာဘဲ ဟမ်...''
_________________
နန်းဆောင်ဘက်ကို ပြန်ရောက်လာခဲ့တော့ သွမ့်ရုံချင်းမှာ ရေချိုး ကိုယ်လက်သန့်စင်ပြီး ယခုတော့ အစားစာများ အသင့်ပြင်ပေးထားခဲ့သည့် ထမင်းစာပွဲ အကျယ်ကြီး၏ အရှေ့မှာပင် နေရာယူနေခဲ့ပြီ။
သူ၏ဝူရှလေး ညစာကို တစ်ကိုယ်တည်း စားသုံးရသည်ကား အထီးကျန်ကာ ပျင်းရိ၍များ နေလိမ့်မည်လား။စားလို့ရော ဝင်နိုင်ပါမည်လား။အလားတူ သူ၏နေရာသစ်၌ရော ညစဥ်ညတိုင်း အိပ်လို့မှ ပျော်ခဲ့ပါရဲ့လား။အစရှိသည်များကိုသာ အရာတယူ လုပ်ပြီး အကျယ်ချဲ့လျှက် တွေးဆနေခဲ့မိသည်။
ချက်ချင်းဆိုသလို ဝူရှအဆောင်ရှိရာကို အပြေးလေး ထသွားလိုက်ချင်မိသည့်တိုင် ဆရာများ နားနေရသည့် အဆောင်မှာ အတန်းလိုက်ကြီး ဖြစ်နေခဲ့၍လည်း...
အကြောင်းမဲ့ အကဲပိုလိုက်မိက သူ့ကြောင့် ဝူရှမှာ ကျန်ဆရာများ၏ အမြင်မကြည်ခြင်းကို ဆတိုးကာသာ ခံယူသွားရလိမ့်မည်။ထို့ကြောင့်လည်း အခါတစ်ရာမကသော သက်ပြင်းပူပူများကိုသာ အဖော်ပြုကာ ညစာကို သုံးဆောင်လိုက်ရပါတော့သည်။
![](https://img.wattpad.com/cover/254294762-288-k904138.jpg)
YOU ARE READING
My ShiFu Kiss Me!!!( Completed )