*ဒါနမ်းတာ မဟုတ်ဘူးနော်...*
သမားတော်၏ ညွှန်ကြားချက်အတိုင်း ရေတပတ် တိုက်ရန်အတွက် အစေအပါးများကို ရေဇလုံနှင့် အဝတ်သန့်များ ယူဆောင်စေလိုက်သည်။တစ်ဖန် ရေပတ်တိုက်ပေးရန်ကိုလည်း အစေအပါးများနှင့်တင် လွှတ်မထားလို၍ သူကိုယ်တိုင်သာ ရေပတ် တိုက်ပေးဖြစ်လိုက်ပါတော့သည်။
ယခုတော့ သွမ့်ရုံချင်းမှာ ဝူရှကို အထိခိုက်မခံနိုင်သည့် ပိုးဥလေးတစ်လုံးကဲ့သို့ ပြုစုကာ ယုယနေရသည်။ထိုနေ့ည၏ သွမ့်ရုံချင်းမှာဖြင့် မည်သည့်နေရာကများ ဝူရှကို မုန်းတီးကာ စက်ဆုပ်ရွံရှာသည့် စိတ်ဖြင့် ဂရုစိုက်ပေးနေခဲ့သည့်နှင့် တူနေပါလို့လဲ။
နူးညံ့ အိစက်သည့် ဧကရာဇ်တစ်ပါး၏ ကုတင်မွေ့ယာအထက်မှာ ဖြူဖျောစွာ အသိမဲ့နေခဲ့သည့် ဝူရှ။မသိစိတ်ထဲက လှိုက်တက်လာခဲ့သည့် မြတ်နိုးမှုများစွာဖြင့်သာ သူကိုယ်တိုင်တောင် သတိမထားမိလိုက်ပါဘဲ ကြင်ကြင်နာနာနှင့် ယုယနေခဲ့မိသည်ဆိုလျှင် ပို၍ မှန်ကန်ပါလိမ့်မည်။
ဤသူမှာ စိတ်မပါလှသည့် ငေါက်ငမ်းမှု ခပ်တိုးတိုးလေးများစွာဖြင့်တော့ သူ၏မလုံမလဲစိတ်ကို ဖြေရှင်းချက်လှလှပေးပြီး စိတ်မပူဟန်ဆောင်နေသည်။သူ၏ အမုန်းတရားဆိုသည်များအတွက် ဝတ္တရားအရတော့ ညည်းညူနေသင့်ပါသည်လေ။သေချာပေါက် ဝူရှကတော့ ကြားနိုင်လိမ့်မည် မဟုတ်ပေမဲ့ပေါ့။
"မကောင်းတဲ့ဝူရှ...မကောင်းတဲ့ဆရာ...အရေထူပြီး နှလုံး မဲတယ်။မင်းက ဒီလောက်အထိတောင် ပျော့ညံ့နေတာ ငါကိုယ်တော်က မင်းကို ဘယ်လိုမျိုးများ နှိပ်စက်ရတော့မှာလဲ။ငါကိုယ်တော်ရဲ့ ရန်သူလုပ်ဖို့ မင်းကတကယ်ကို အရည်အချင်း မပြည့်မီသေးဘူး...''
တကယ်တော့ သူပြောချင်သည်။မင်း အခုလို လှဲနေတာတောင် ငါ့နှလုံးသားက ရူးမလောက် နာကျင်နေရပါပြီဆိုပြီး။ဤကဲ့သို့ အေးအေးလူလူ အိပ်စက်မနေဘဲ သူ့ကိုငါးနှစ်တာ လွမ်းဆွတ်ခဲ့ရသည့်အတွက် တစ်ဘဝစာ ပြန်ပြီး အဖော်ပြုပေးရမည်။ဤသည်ကသာ သူအမှန်တကယ် ပေးချင်မိသည့် ဝူရှအတွက် အပစ်ဒဏ်ဆိုသည် ဖြစ်လိမ့်မည် ထင်၏။
YOU ARE READING
My ShiFu Kiss Me!!!( Completed )