36(U+Z)

4.8K 657 8
                                    

*ငါလေ...မင်းဖအေ!*

လဲကျသွားသည့် စုန့်နိုင်ငံသံအမက်နှင့်အတူ ဧည်ခံစားပွဲများမှာ တည်ခင်း ဧည့်ခံထားခဲ့သည့် သရေစာမုန့်များကို ကောက်ယူကာ စားသုံးမိလိုက်ကြသည့် မည်သူမဆို အနှီသူတို့၏ ဖြစ်ရပ်များကို ကြည့်လျှက် မျက်ဝန်းများ အထိတ်တလန့်နှင့် ဝိုင်းစက်ကုန်ကြသည်။

မကြာခင် အချိန်မှာဘဲ မွေးနေ့ပွဲ ခန်းမက ကျန်လူတစ်ချို့လည်း ပုံစံတူ ဖြစ်ရပ်မျိုးဖြင့် ရှေ့ဆင့် နောက်ဆင့် လဲကျကုန်ကြသည်။အလားတူ ခံတွင်းထဲမှ အမြုပ်များ တစီစီထွက်ကျနေကာ အကြောမသေနိုင် ဆန့်တငင်ငင် ဖြစ်နေကြသည့် ခန္ဓာကိုယ်ကြီးများနှင့်။

တစ်အောင့်အကြာတွင်တော့ မျက်လုံးများ၊ နားများနှင့် ပါးစပ်များအတွင်းမှ သွေးပုပ်များ ယိုစိမ့်ကာ နောက် မျက်တောင်တစ်ခတ်စာ အချိန်မှာဘဲ သေဆုံးသွားကြတော့သည်။

ဧည့်သည်များ၏ အနှီမြင်ကွင်းများကြောင့်ပင် တာလီနိုင်ငံ၏ အာဏာရှိ အမက်မင်းကြီးများအပါအဝင် သွမ့်ဦးရီးတော်နှင့် သွမ့်ဘုရင်ပါ အထိတ်အလန့်ဖြစ်ကာ ထိုင်နေရာက ထရပ်လိုက်မိကြသည်။

အနှီအခိုက်အတန့်မှာဘဲ သွမ့်ရုံချင်းတစ်ယောက်ကတော့ အထူးတဆန်း ခံစားနေရရှာသည်။အကြောင်းကတော့ သူကိုယ်တိုင်လည်း စာပွဲပေါ်ရှိ ကွေ့ဟွားမုန့်ကို အနည်းဆုံး နှစ်ခုမျှတော့ ကောက်ယူကာ စားသုံးမိခဲ့ပြီး ဖြစ်သည်။ပမာန နည်းပါးသည့် အတွက်ပင်လား။သူ့မှာတော့ အန္တရာယ်အတိ ကင်းနေခဲ့သည်။

သွမ့်ဘုရင်ပါ စူးအောင့်လာခဲ့သည့် သူ့ရင်ဘက်နေရာကို ဖိနှိပ်ထားလျှက် ပလ္လင်ပေါ်မှ အရုပ်ကြိုးပြတ်ဘဲ လဲကျသွားခဲ့သည်။ထိုမြင်ကွင်းနှင့်အတူ ယခုတော့ သွမ့်ရုံချင်းအပါအဝင် သွမ့်ဦးရီးတော်နှင့် ကျန်ဆရာများပါ ရာဇပလ္လင်ရှိရာကို အပျာသလဲ တိုးခွေ့ အရောက်သွားခဲ့ကြပြီး

သွမ့်ဦးရီးတော်မှာ ချက်ချင်းဆိုသလို...

"သမားတော်...သမားတော်!။သမားတော်ရှ ကယ်တင်ပေးပါဦး အရှင်မင်းကြီးကို ကယ်တင်ပေးပါဦး...''

My ShiFu Kiss Me!!!( Completed )Where stories live. Discover now