*ထပ်ခါထပ်ခါပင် မြတ်နိုးရလေသည်*သုံးရက်မြောက်နေ့၏ ညနေခင်းတွင် ဖြစ်သည်။
ဝူရှတစ်ယောက် ပန်းဥယျာဥ်လေးထဲတွင် ဝတ်ရည်စုရင်း အလုပ်ရှုပ်နေခဲ့ပြန်၏။ထို့ကြောင့်လည်း အချိန်တိုင်း အလိုလို သူ၏ အမြှီးငယ်လေးအလား ကပ်တွယ်နေတက်သည့် အန်းမူလော့လေးကို သွမ့်ရုံချင်းက သူ၏ဧကရာဇ် နန်းဆောင်ထံသို့ ချော့ကာ မော့ကာနှင့် ခေါ်ဆောင်လာနိုင်ခဲ့သည်။
သူ၏ နန်းဆောင် အတွင်းမှာ သူကိုယ်တိုင် လုပ်ထားပေးသည့် ကွေ့ဟွားမုန့်ရောင်စုံလေးများကို သုံးဆောင်စေသည်။အနှီ ကွေ့ဟွားမုန့်လေးများကို
ယုန်ပုံ၊ကျားပုံလေးများနှင့်အတူ အသွင်သဏ္ဍာန် မတူညီလေသည့် ပန်းပွင့်ပုံလေးများဖြင့်လည်း သားတော်၏ စားသုံးလိုစိတ်အား အပြည့်အဝပင် ဆွဲဆောင်ထားခြင်း ဖြစ်သည်။အလားတူ အရင်အချိန်များက သားတော်လေးကို ငယ်ရွယ် နုနယ်သေးလွန်းသည့် အသက်အရွယ်လေးအား အကြောင်းပြလျှက် သိုင်းပညာ သင်ယူလိုခြင်းကို ပိတ်ပင်ထားခဲ့၏။သို့ပေမဲ့ ယခုတော့ မနက်ဖြန်မှ စတင်၍ဘဲ သားတော်လေး သင်ယူလိုသည့် သိုင်းပညာ မှန်သမျှကို ခမည်းတော် ကိုယ်တိုင်ပင် သင်ကြားပေးပါမည်ဟုပါ အချောသပ်ထားလိုက်သေးသည်။
သို့တစေ အန်းမူလော့လေးကလည်း သွမ့်ရုံချင်း၏ သားတော်လေးပင်။အင်မတန်မှကို ပါးနပ်စွာ သွက်လက်သေး၏။ကျားပုံ ကွေ့ဟွားကိတ် အပြားလေးအား လည်ပင်းနေရာမှ ဖြတ်ကိုက်စားလိုက်ကာဘဲ သူ၏ ခမည်းတော်ထံကို မကြည်ကြည့်လေး ကြည်လျှက် မေးမြန်းလေသည်။
"ခမည်းတော်...မူလော့ဆီကနေ တစ်ခုခု လိုချင်နေတာမလားဟင်...ဘိုးဘိုးဝူက ပြောတယ်။လူတစ်ယောက်က ထူးခြားပြီး ပြောင်းလဲနေရင် သူ့မှာ အကြံအစည် တစ်ခုခု ရှိနေလို့တဲ့လေ''
သွမ့်ရုံချင်းမှာ မလုံမလဲ မျက်နှာပေးလေးဖြင့်သာ မူလော့လေး၏ နှာခေါင်းလုံးလုံးလေးအား သူ၏ လက်ညှိုးလေးကို ကွေးကာ ပွတ်ဆွဲလိုက်လျှက်။တစ်ဖန်လည်း မူလော့၏ ကိုယ်လေးကို စွေ့ကနဲ ပွေ့ယူလိုက်ကာဘဲ သူ၏ ပေါင်အထက်၌ ထိုင်စေလိုက်သည်။
BINABASA MO ANG
My ShiFu Kiss Me!!!( Completed )