51(U+Z)

5.1K 654 12
                                    

*သာသနာ့ဘောင် ဝင်မှာ*

နောက်တစ်နေ့ မနက်ခင်းမှာတော့ ဝူရှ မင်တိုင်းပြည်ကို စရောက်ခဲ့သည့် ထိုနေ့ကလောက် အေးစက်မနေတော့ပါ။ရာသီဥတုကအစ ဝူရှ၏ နှလုံးသားမှအဆုံး ဆိုလိုခြင်းသာ ဖြစ်သည်။

နှာဖျားထိပ်မှာ ဝေ့သီနေခဲ့သည့် အနံ့သင်းသင်းလေးကြောင့်လည်း အမြန်ပင် နိုးထရန် ပြင်လိုက်သည်။အပစ်ပေးသည်ဆိုသည့် ခေါင်းစဥ်ဖြင့် ညလုံးပေါက် ဖတ်တွယ်ထားကာ အိပ်စက်ခဲ့သည့် တပည့်ကောင်လေး ချင်းအော်ကို မတွေ့ရတော့ပါပေ။

ကုတင်ပေါ်မှ ခြေဆင်းထိုင်လျှက် မျက်ဝန်းများကို ပွတ်သပ်လိုက်သည်။ကုတင်ဘေးရှိ စားပွဲအထက်က အဖြူရောင် ဝတ်စုံလေး တစ်ထည်နှင့်၊ အနှီဝတ်စုံ၏ နံဘေးမှာဘဲ စုတ်တံလေးဖြင့် ဖိထားရစ်ခဲ့သည့် စာရွက်ခေါက်လေးတစ်ရွက်ကို အသင့်တွေ့လိုက်ရသည်။

အလားတူ အနှီဝတ်စုံနှင့် စာရွက်ခေါက်လေးတို့၏ ဘေးဘက်မှာဘဲ နဂါးအမိန့် သဝဏ်လွှာစာလိပ်လည်း ရှိနေခဲ့သည်။နဂါးမိန့်သဝဏ်လွှာ၏ နံဘေးတွင်မှ အငွေ့ထောင်းထောင်း ထနေသည့် အသားဖတ် ခပ်နုပ်နုပ်လေးများ ပေါလောပေါ်နေခဲ့သည့် ဆန်ပြုတ်ဖြူ ပန်းကန်လေးတစ်ခွက်။

ဦးစွာ စာရွက်ခေါက်လေးကို ကောက်ယူကာ ဖွင့်ဟ ဖတ်ရှုလိုက်မိသည်။

*ဝူရှ...မင်းပြန်လို့ရပြီ*

အနှီစာတိုလေး တစ်ကြောင်းသာ။

ဘေးဘက်က ဘုရင့်အမိန့်တော် နဂါးစာလိပ်ကို ဖွင့်ဟကြည့်လိုက်မိသည်နှင့် နှစ်နိုင်ငံ၏ ချစ်ကြည်ရေးကို သဘောတူ လက်ခံပေးထားခဲ့သည့် စာချွန်လွှာ ဖြစ်နေခဲ့ကြောင်းကို အတည်ပြုလိုက်ရသည်။သူသိသည်။ချင်းအော်က သူ့ကို ဘယ်သောအခါမှ စိတ်ပျက်စေမှာ မဟုတ်ဘူးဆိုတာ သူ သိခဲ့ပါသည်။

အနှီစာချွန်လွှာလေးကိုဘဲ တစိမ့်စိမ့်ကြည့်ပြီး ဝူရှ အပြည့်ဝဆုံးလေး ပြုံးရယ်လိုက်မိတော့၏။ပါးချိုင့်နစ်နစ်လေးနှစ်ဖတ်ပင် လှပလွန်းစွာ ပေါ်ထွက်လာသည်အထိပါ။

My ShiFu Kiss Me!!!( Completed )Where stories live. Discover now