*မထိပါနဲ့ ငါမင်းကို လိုချင်လိမ့်မယ်*
သွမ့်ရုံချင်းခမျာ သူ၏ရင်ခွင်ထဲမှ ရုန်းထွက်သွားလိုက်သည့် ဆရာငယ်လေးကြောင့်လည်း ချက်ချင်းလက်ငင်းဆိုသလို လည်ချောင်းတစ်ခုလုံးထဲမှာ ရေဓာတ် ပြတ်တောက်သွားသည့်အလား။လည်ဇလုတ်ကို ဆက်တိုက်ဆိုသလို အထက်အောက် ရွေ့လျှားစေဖို့ အလုပ်ပေးမိပါတော့သည်။
သူ၏လက်နှစ်ဖတ်လုံးကို ဝူရှချန်ရစ်ခဲ့သည့် ပုံစံလေးအတိုင်းသာ ကားထားမိသေးသည်။ဝူရှသာ နားလည်နိုင်မည်ဆို သူ့အား တစ်ဖန် ပြန်လည်ကာ ဖတ်တွယ်ပေးပါဦးဟု တောင်းဆိုနေသည့် အဓိပ္ပါယ်နှင့် သနားစရာ ခွေးပေါက်ကလေး မျက်ဝန်းများဖြင့်သာ ကြည့်နေခဲ့ခြင်း ဖြစ်ပါသည်။
ဝူရှက သူ၏ မျက်လုံးဝိုင်းဝိုင်းများကို သုံး လေးကြိမ်ခန့် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။တစ်ဖန်လည်း သွမ့်ရုံချင်းထံကို တစ်စုံတစ်ခုအား စိတ်အားထက်သန်စွာ စူးစမ်းချင်နေခဲ့သည့် မျက်ဝန်းလေးများဖြင့်ဘဲ ပြုံးရယ်ပြကာ တိုးကပ်လာခဲ့ပြီး...
"ချင်းအော်...''
သွမ့်ရုံချင်း ပြန်မထူးဖြစ်လိုက်ပေ။သို့သော် ဝူရှ၏အကြည့်များမှာတော့ အင်မတန်မှ တောက်ပနေလေသည်။အစောပိုင်းက ဆရာယွီမောင်ကြောင့် ဒေါသစိတ်နှင့် အတိငြိမ်သက်နေခဲ့လေသူမှာ ယခုသူ၏ အရှေ့က အနှီဝူရှလေးပင် ဟုတ်ခဲ့ပါလေရဲ့လား။
"မင်းမှာ အနံ့တစ်မျိုး ရှိတယ်''
"ဘာ ဘာအနံ့လဲ ဆရာ...ငါမနေ့က သေချာပေါက် ရေချိုးဆောင် ဝင်ခဲ့တယ်...''
"မဟုတ်ဘူး။အရမ်းစိတ်ဝင်စားဖို့ ကောင်းတဲ့ အနံ့''
"အာ...ဘယ် ဘယ်လိုမျိုး စိတ်ဝင်စား...''
သွမ့်ရုံချင်း စကားတို့ပင် မဆုံးလိုက်ရပါ။ဝူရှမှာ လေးဘက်ထောက်ထားရက်ဖြင့်ဘဲ သူ့ထံကို တရွေ့ရွေ့လေး တိုးကပ်လာခဲ့သည်။အစာချောင်းနေသည့် ကြောင်ရိုင်းလေးတစ်ကောင်ကဲ့သို့ပေါ့။သွမ့်ရုံချင်းခမျာ ပိုမိုကာနီးကပ်လာခဲ့သည့် အနေအထားကြောင့်ဘဲ အသက်အောင့်ပစ်လိုက်မိပြီး သူ၏အနောက်ဘက်ကိုသာ ယောင်ယောင်ယမ်းယမ်းလေးနှင့် လက်ပြန် လှမ်းထောက်ထားလိုက်မိတော့သည်။
YOU ARE READING
My ShiFu Kiss Me!!!( Completed )