19(U+Z)

5.9K 860 4
                                    

*မင်းအသက် ဘယ်လောက်လဲ?*

တစ်နေ့ခင်းလုံး စာသင်ချိန်များနှင့် သွမ့်ရုံချင်းခမျာ ညနေစောင်းမှသာ သူ၏နန်းဆောင်သို ပြန်ဝင်လာနိုင်ခဲ့သည်။သို့သော်လည်း သူ၏နန်းဆောင်ကို ပြန်ရောက်ချင်းမှာတင် ရေချိုးသန့်စင်ပေးရန်အတွက် အသင့်စောင့်နေခဲ့ကြသည့် အပျိုတော်များကြောင့်လည်း သူ့ခမျာ အနားယူချိန်လေးပင် မရလိုက်ပါ။

တာလီနန်းတော်အတွင်းမှာ သွမ့်ရုံချင်းတစ်ဦးကလွဲလျှင် ကျန်လူများမှာ အချိန်တိကျစွာပင် အလုပ်လုပ်နေကြသည်။ယင်းအကြောင်းပြချက်ကဘဲ သွမ့်ရုံချင်းကို အနှီနန်းတော်ကနေ ထွက်ပြေးလေမိအောင် မြှောက်ပင့်ပေးနေခဲ့သည့်အလား ပြောရတော့မည်။

ရေချိုးသန့်စင်ပြီးသွားတော့ အချိန်က ကောင်းကင်အထက်က နေလုံးကြီးပင်လျှင် အနာက်ရပ်က ပုဇွန်ဆီရောင် တိမ်စိုင်များအတွင်းသို့ မြုပ်ကွယ်လုလု ဖြစ်နေခဲ့ပြီး နွေးထွေးသည့် အစိမ်းရင့်ရောင် ပိုးသားဝတ်စုံကို သေသပ်စွာဘဲ ဆင်မြန်းပေးခဲ့ကြလေသည်။ယခုတော့ သွမ့်ရုံချင်း ညစာသုံးဆောင်းရန်အတွက် ပြင်ဆင်နေခဲ့ပြီလည်း ဖြစ်သည်။

ညစာ သုံးဆောင်နေချိန်မှာပင် သူ၏နန်းဆောင်ကို ဆိုက်ဆိုက်မြိုက်မြိုက် ကြွချီလာခဲ့လေသော ဦးရီးတော် သွမ့်မင်းကြီး။သူ့ခမျာစိတ်ထဲက တိတ်တိတ်လေးပင် ငိုချင်စိတ် ပေါက်သွားမိပါသည်။

AN
*သွမ့်ဦးရီးတော်က သွမ့်ဘုရင်နဲ့ ညီအကိုပါ။အဲ့ဒီတော့ သွမ့်ဘုရင်က သွမ့်ရုံချင်းအတွက် ဦးလေးပေါ့။နန်းသုံးစကားအရဆိုရင်တော့ ဦးရီးတော်ပါ*

"ချင်းအော်...ဦးရီးတော်ကို ဂါဝရပြုပါတယ်''

"အဲယ်း...မလိုဘူး။လာ...ဒီမှာလာထိုင်။ညစာ သုံးဆောင်ချိန် မဟုတ်လား...ချင်းအော် အဆင်ပြေသလို နေနိုင်တယ်။ဦးရီးတော်က ဒီတစ်ခေါက်မှာ ကိစ္စတွေအများကြီး ဖြစ်သွားခဲ့တာမို့ သတင်းလာမေးရုံပါဘဲ။ဒီဦးရီးတော်က ချင်းအော်လေးကို ပစ်ထားသလိုများ ဖြစ်နေခဲ့ပြီလားလို့ပါ...''

My ShiFu Kiss Me!!!( Completed )Where stories live. Discover now