*ငါ့ဆရာရဲ့ နှလုံးသားလေး ပင်ပန်းနေပြီလား?*
သွမ့်ရုံချင်းနှင့် ဝူရှတို့နှစ်ဦးလုံး ညတွင်းချင်းမှာဘဲ အနှီတာ့ချင်နန်းတော်ထဲကနေ ပြန်ထွက်လာဖြစ်ခဲ့ကြသည်။နှစ်ဦးသားလုံးမှာ အဓိပ္ပါယ်စုံလင်နေခဲ့သည့် အတွေးစများစွာဖြင့်။ထိုနေ့ညက ချင်းအော်မှာ အပြည်ဝဆုံး ပျော်ရွှင်မှုတစ်ခုကို ရယူပိုင်ဆိုင်နိုင်ခဲ့လေသည်။အနှီပျော်ရွှင်မှုကို ပိုင်ဆိုင်ခွင့်ရနိုင်ရန်အတွက်ဘဲ သူမှာ ပြဇာတ်အသေးစားလေးတစ်ပုဒ်ကို ဖန်တီး ကပြခဲ့သေး၏။
အနှီပြဇာတ်အတွင်းက သွမ့်ရုံချင်း၏ တည်နေရာမှာ မြတ်နိုးရသူကို တစ်သက်တာ အပိုင် သိမ်းယူထားလိုက်နိုင်စေရန် အလို့ငှာ၊တစ်ပါးသူကို ကောက်ကျစ်လေသည့် လူယုတ်မာတစ်ဦး၏ တည်နေရာဟုပင် ဆိုရလိမ့်မည်လား...
သွမ့်ရုံချင်းသည်ကား ကိလေသာ ကင်းလွတ်လျှက်ရှိပြီး၊လူသားများအပေါ်မှာ ခွင့်လွှတ်ခြင်း မေတ္တာတရားများ အမြဲတစေ သွန်းဖြိုးပေးနေနိုင်သည့် ဘုန်းတော်ကြီးတစ်ပါး ဟုတ်မနေခဲ့ပါပေ။
သူ၏ အဖိုးတန် မိသားစု အသိုက်အမြုံကြီးကို ဖြတ်စီးပစ်ကာ ဆရာများကိုပါ သက်ဖြတ်ခဲ့ကြလေသည်။အနှီလူများကို မည်သို့သော စိတ်နှလုံးမျိုးနှင့်များ သူက ခွင့်လွှတ်ပေးနိုင်ပါလိမ့်မည်နည်း။ဝူရှက သူ၏မိသားစုအတွက် လက်စားချေခဲ့သည်။လက်စား အချေခံလိုက်ရသူမှာဖြင့် အပစ်မကျူးလွန်ခဲ့သည့် သူသာဖြစ်ပြီး ယနေ့အချိန်ထိ အပြန်ပြန် အလှန်လှန် တွေးခဲ့မိပေမဲ့ အနှီလောကကြီးမှာ ကိုယ်ချင်းစာစိတ်ဆိုသည်နှင့် နားလည်မပေးနိုင်သည့် ရက်စက်ခြင်းများစွာ ရှိနေခဲ့သေးသည်ကိုသာ လက်ခံလိုက်ရ၏။
သူ့နှလုံးသား၏ စေခိုင်းအမိန့်ကြောင့်သာ ဝူရှတစ်ယောက်၏ အပေါ်တွင်တော့ မတက်သာဘဲ ခွင့်လွှတ်ပေးနိုင်ခဲ့လျှင်ပင်၊သူ၏အရှေ့မှာဘဲ မိခင်၊ဖခင်နှင့် ဆရာများပါမကျန် သေစေခဲ့လေသည့် ဝူမင်ဝမ်နှင့် ဝူမင်ရန်တို့နှစ်ဦးကိုတော့ မည်သို့မျှပင် ခွင့်လွှတ်ပေးနိုင်စွမ်း ရှိမနေခဲ့သေးပါပေ။
YOU ARE READING
My ShiFu Kiss Me!!!( Completed )