*ဒီတပည့်ငယ်လေးက ပျော့ညံ့လိုက်လေခြင်း*
ဝူရှကြိုတင်ကာ စိတ်ကူးယဥ်ခဲ့မိသည်။ စိတ်ကူးထဲတွင် သူ၏တပည့်လေးမှ လွဲ၍ ကျန်သည့် သွမ့်မျိုးနွယ်များကို သုတ်သင်ပစ်လိုက်ပြီးနောက် သွမ့်ရုံချင်းနှင့် သူမှာ ပထမဦးဆုံး စတင်ကာ တွေ့ဆုံခဲ့ကြသည့် တီမုန့်မြစ်လက်တက်က လူသူမရှိသည့် နေရာလေးတွင်သာ အတူတကွ သွားရောက်ကာ နေထိုင်လိုက်ကြမည်။
ချင်းအော်က သူ့ကို ပထမဦးဆုံးအကြိမ် ချက်ကျွေးခဲ့ဖူးသည့် အရသာရှိလွန်းသည့် ငါးပေါင်းကဲ့သို့သော ဟင်းလျာမျိုးကို နေ့တိုင်ပင် ချက်ကြွေးခိုင်းပါမည်။
ချင်းအော် ပြောပြသည့် ရှက်ရွံ့ဖွယ် ဟာသများကို နားထောင်ပြီး နှစ်ဦးသားလုံး အတိုင်းထက်အလွန်ထိပင် ရှက်ရွံ့ကာ ရယ်မောကြမည်။
ချင်းအော်၏ ပြောမကုန်နိုင်လေသော တီတီတာတာ စကားလေးများကို နားထောင်ပေးလိုပါသည်။
တစ်နေ့ကကဲ့သို့ အနမ်းရိုင်းများကိုလည်း ချင်းအော်က အလိုရှိစွာ တောင်းဆိုလာခဲ့သည့် ချိန်တိုင်းမှာ မရပ်နားပင် နမ်းရှုပ်ဖို့ လုပ်ကြမည်။
အစရှိသဖြင့်ပေါ့။ကြည်နူးပေါ့ပါးစွာ တွေးထားခဲ့မိသည့် ဝူရှရယ်ဖြစ်သည်။
သွမ့်မျိုးနွယ်တို့ ပျက်သုဥ်းသွားပြီး အချိန်တစ်ခုမှာတော့ ချင်းအော်မှာ သူ့အား
''တာဝန်ကျေသွားပြီနော် ငါ့ဆရာလေး''ဆိုသည့် စကားလေးတစ်ခွန်းဖြင့်လည်း ပွေ့ဖတ်ကာ နှစ်သိမ့်ပေးလာခဲ့မည်ဟုသာ ထင်ထားခဲ့မိသည်။အဘယ့်ကြောင့်ဆိုသော် ဒီတစ်လောအတွင်းမှာ သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် အပြန်အလှန် အလိုလိုက်ပေးခဲ့သူများ ဖြစ်ခဲ့ကြတာကြောင့်ပါဘဲ။
သို့ပေမဲ့ သွမ့်မျိုးနွယ်များကို အမှန်တကယ် တစ်ဦးမကျန် သုတ်သင်ကာ ဖျက်စီးပြီးသွားခဲ့သည့် လက်ရှိအချိန်မှာတော့ အဖြစ်မှန်က သူတွေးထင်ထားခဲ့သည့်အတိုင်း အမှန်တကယ်လည်း ပျော်ဖွယ်အတိ မရှိခဲ့။
YOU ARE READING
My ShiFu Kiss Me!!!( Completed )