*လူသတ်တမ်း ကစားတာ*
ဝူရှ မင်တိုင်းပြည်မှ စတင်ကာ ထွက်ခွာလာခဲ့သည့် အချိန်မှစ၍ သွမ့်ရုံချင်း၏ စစ်ကြောင်းထံကိုသာ စိတ်ရောက် ပူပန်လာခဲ့မိသည်။မင်ရန်က သွမ့်ရုံချင်းကို ကူညီပေးလာရန်မှာ မလွဲမုချ မဖြစ်နိုင်မှုကြီး ဖြစ်သည်။အကယ်၍ မထင်မှတ်ထားစွာ ဝူမင်ရန်ကသာ စိတ်ကောင်းဝင်ကာ ကူညီပေးမည်ဟု ဆုံးဖြတ်ချက်ချလိုက်စေဦး အချိန်မမှီနိုင်လိမ့်မည်ကိုသာ စိုးရိမ်ရသည်။
သူကိုယ်တိုင် မင်နိုင်ငံသို့ ခရီးနှင်လာခဲ့ရသည်ကဘဲ ငါးရက်အတိ ကြာမြင့်ခဲ့သည်။ချင်နိုင်ငံသို့ ပြန်ပြီး ချင်စစ်တပ်တစ်ခုလုံးနှင့် ချီကာ မင်နိုင်ငံသို့ လာရောက် ကူညီဖို့ မရရအောင် တောင်းဆိုလိုက်ရန်ဆိုသည်က သွားသွား ပြန်ပြန်နှင့်ဘဲ တာ့မင်နှင့် ပါရှား၏ နယ်စပ်သို့ ခရီးနှင်ရင်းနှင့် မကူညီလိုက်ရခင် တာ့မင်ကသာ စစ်ရှုံးသွားရလိမ့်မည်။အချိန်ကတော့ လောက်ငှနိုင်လိမ့်မည် မဟုတ်။ထို့ကြောင့်လည်း ဝူရှ အကြံကုန် ထုတ်ရတော့သည်။
ချင်တိုင်းပြည်သို့ ပြန်ရန် ငါးရက်သော အချိန်တစ်ခုအထိ မစောင့်စည်းလိုပေ။မင်းတိုင်းပြည်၏ အတွင်းဂိတ်ဝနှင့် ကပ်လျှက် မြို့ငယ်တစ်ခု၏ တည်းခိုခန်းမှာသာ ဝင်ရောက် တည်းခိုဖြစ်လိုက်သည်။တစ်ဖန်လည်း ဝူမင်ရန်ကို အကူညီပေးရန် ခိုစာတစ်စောင် ပေးပို့ဖြစ်လိုက်သည်။အနှီစာမှာ ဝူရှရေးဖူးသမျှတွင် အရှည်ဆုံး စာတစ်စောင် ဖြစ်ခဲ့ပါသည်။
___________________
ဝူမင်ရန်မှာ ဝူရှကို သံတမန်တစ်ဦးအဖြစ် မင်တိုင်းပြည်သို့ စတင်ကာ စေလွှတ်ဖြစ်လိုက်သည့် ထိုနေမှစ၍ ရင်ဘက်ခဲဆွဲသည့်အတိုင်း လေးလံနေခဲ့ရသည်။အမြဲတစေ မြို့ရိုးပေါ်သို့ အကြောင်းရှာ တက်လာခဲ့မိသည်။မြို့ရိုးပေါ်သို့ ရောက်ပြန်တော့လည်း အဝေးမြင် မှန်ပြောင်းသုံးကာ ဝူရှ၏ ပြန်အလာကို ရင်တမမဘဲ မျှော်ကြည့်ရသည်လေ။
ဝူရှပြန်မလာခဲ့သည်က တစ်ပါတ်တိတိဘဲ ကြာမြင့်ခဲ့လေပြီ။အခုထိလည်း အရိပ်အယောင်ဆိုသည်ရယ် မမြင်ရသေး။အလားတူ သတင်းအစနလည်း မရ။ခိုစာလေးတစ်စောင်ပင် ပို့မလာပါပေ။
YOU ARE READING
My ShiFu Kiss Me!!!( Completed )