11(U+Z)

8.3K 1K 2
                                    

*ဝူမင်ဝမ်!*

ဧည့်ခန်းအတွင်းသို့ ဖြည်းညင်းစွာ ဝင်ရောက်လာခဲ့သည့် ကျင်းသခင်မကြီးကြောင့် ဆရာငါးဦးမှာ လက်ရှိအခြေနေကို အင်မတန်မှ စဥ်းစားရ ကျပ်သွားရချေပြီ။အဘယ့်ကြောင့်ဆိုသော် အမြင်အာရုံ ချို့တဲ့နေခဲ့သည့် အစိမ်းနုရောင် ခပ်ဖျော့ဖျော့ ဝတ်ရုံနှင့် ကျင်းသခင်မကြီး၏ ပုံပန်းသဏ္ဍာန်နှင့်အခြေအနေကြောင့် ဖြစ်သည်။

မိခင်ကို လက်မောင်းရင်းက တွဲခေါ်လာခဲ့သည့် ကျင်းသခင်မလေးကိုပါ တွဲလျှက် မြင်လိုက်ကြရသည်။သမီးဖြစ်သူမှာတော့ အတိသံသယဖြစ်ဖွယ် အနှီသခင်မကြီး၏ သမီးရင်းဟုပင် ထင်မှတ်စရာမရှိ။

ပြတ်သားစူးရှသည့် အကြည့်ရဲရဲများဖြင့်လည်း ဝင်လာကတည်းက ရန်ဆောင်သကဲ့သို့ သူတို့ကို ခပ်ငြိုးငြိုး စိုက်ကြည့်လာခဲ့သည်။အနှီကျင်းသခင်မလေး၏ အကြည့်တစ်ချက်ကပင် သွမ့်ရုံချင်းကို လက်စဖျောက်ပစ်ခဲ့သူမှာ သူမပါဟု ဝန်ခံနေခဲ့သည့်အလား။

သူမ၏ ရင့်သီးလွန်းသည့် မျက်ဝန်းများကြောင့်လည်း ဆရာငါးဦးထဲမှ အလွယ်တကူ ဒေါသဖြစ်တက်သူ ယွီမောင်မှ သည်းမခံနိုင် ထရပ်လိုက်ဖို့ လုပ်လေသည်။‌သေချာပေါက် အကြမ်းပတမ်း ပြောဆိုရန် ရည်ရွယ်ပေမဲ့ ဖန်မိန်ရှင်းကဘဲ လက်ကောက်ဝတ်ကို အချိန်မှီ ဖမ်းဆုတ်ကာ တားမြစ်လိုက်ခြင်းကြောင့်။

ကျင်းသခင်မကြီး၏ ညင်သာလွန်းသည့် အပြုံးနုနုက သူတို့ငါးဦးလုံးကို အိမ်ရှင်ပီသစွာ ကြိုဆိုခစားနေပါသည်ဟု ဝန်ခံနေပေ၏။ဦးစွာ နှုတ်ခွန်းဆက်လာခဲ့သည်။

"ကျွန်မ...ကျင်းမင်ယွဲ့ ဒီကဆရာသခင်တွေကို ဂါဝရပြုပါရစေ...''

ဖန်မိန်ရှင်းမှ ဂါဝရပြုမှုကို လက်ကောက်ဝတ်နေရာမှ ဖမ်းဆွဲလိုက်ပြီး အလျှင်အမြန် တားမြစ်လိုက်သည်။

"ကျင်းသခင်မ မလုပ်လိုက်ပါနဲ့...ကျွန်မတို့က လာရင်းကိစ္စကိုဘဲ ပြောမှာမို့ ကျင်းသခင်မက အဆောင်ကို ပြန်ပြီး အနားယူလို့ ရပါတယ်...''

My ShiFu Kiss Me!!!( Completed )Where stories live. Discover now