*သုံးပြည်ထောင်၏ ရှားပါးပုဂ္ဂိုလ်*
ညီလာခံ ကျင်းပနေခဲ့စဥ်မှာပင် ရုတ်တရက် ပြေးဝင်လာခဲ့သည့် သတင်းပေး ရှေ့တော်ပြေး စစ်သည်လေးကြောင့်လည်း ယွီဝမ်ယွဲ့ အနှီညီလာခံ ခန်းမကြီးကနေ ထပြေးသွားလိုက်ကာသာ အတည်ပြုချင်နေခဲ့သည်။ဝူရှဆိုသည့် အမည်နာမလေးတစ်ခုက ယွီဝမ်ယွဲ့အပေါ်မှာ ထိုမျှလောက်အထိ သက်ရောက်နိုင်စွမ်းပါ၏။
၅နှစ်ဆိုသည့် အင်မတန် ရှည်ကြာခဲ့သည့် အချိန်အတွင်းမှာ ဝူရှဆိုသည့် နှလုံးသား အေးစက်ကာ မာကျောသူလေးကို အသက်ရှုတိုင်း သတိရနေခဲ့ပါသည်ဆိုလျှင် အပိုမဟုတ်ရ။
သူ၏ လက်ကောက်ဝတ်နေရာကို ချွန်ထက် သေးသွယ်လွန်းသည့် အပ်ချောင်းပေါင်းများစွာဖြင့် ကြိမ်ဖန်များစွာ ထိုးစိုက်ပြီး နှလုံးသားကို မညှာတာတမ်း အပစ်ပေးခဲ့ပါသည်။အချက်ရေပေါင်း မည်မျှဆိုသည်ကိုပင် မရေတွက်နိုင်ခဲ့သည်အထိ။လက်ကောက်ဝတ်နှစ်ဖတ်လုံး အမည်းစက်များ ပိတ်ပိတ်အောင်းနေရာယူလျှက် မလှပနိုင်တော့သည် အထိပေါ့။
အနှီသူမှာ အခွင့်မရှိလေဘဲ သူ၏ နှလုံးသည်းခြေထဲအထိ လာရောက်ကာ စူးကုတ်ထားခဲ့လေသည့် အသုံးမဝင်လှသည့် စွန့်ပစ်မှိုတစ်မျိုးကဲ့သို့ဖြစ်သည်။အမြဲအလိုလို ပျောက်ကွယ်သွားခြင်း အလျှင်းမရှိစွာ စတင်ဝင်ရောက်ခဲ့ပြီးကတည်းက ရာသီပေါင်းများစွာဘဲ တည်ရှိ စိုးမိုးနေခဲ့သည်။
မလှပနိုင်တော့သည့် လက်ကောက်ဝတ် တစ်စုံကို ပိုင်ဆိုင်ခွင့်ရလိုက်သည်ကလွဲ၍ သူ၏နှလုံးသားမှာတော့ ပုံမပျက် ပန်းမပျက်သာ နာကျင်နေခဲ့ဆဲပါ။အလားတူ ဤလူသားအပေါ်မှာ စိတ်လည်း မပျက်နိုင်သေးပြန်ပေါ့။
အနှီအပ်ဖြင့် ထိုးစိုက်နေခဲ့ချိန်တိုင်း သူ၏အတွေးတို့မှာ တစ်ခနတာ နာကျင်မှုအတိ ကြီးစိုးသွားခဲ့လေရင်း ထိုအခိုက်အတန့်က တိုတောင်းလွန်ပေမဲ့ တကယ်ကို သူလိုချင်သော နိဗ္ဗာန်ဘုံဖြစ်နိုင်သည်။သူ၏ဦးနောက်ထဲမှာ ဝူရှဆိုသူ မဟုတ်ဘဲ နာကျင်မှုဆိုသည်ကိုသာ ခံစားရ၍ ပျော်ရွှင်ရတက်သည်မို့လေ။
YOU ARE READING
My ShiFu Kiss Me!!!( Completed )