*မင်းဆရာ ဒေါသထွက်နေလောက်တယ်*
သွမ့်ရုံချင်း၏ မျက်ဝန်းများ အဖွင့်မှာဘဲ ဆရာယွီမောင်၏ ကြာပွတ်ကို လက်တစ်ဖတ်နှင့် ဖမ်းဆုတ်ပေးထားခဲ့သည့် ဝူရှ၏ မျက်နှာတစ်ဝက်သာ မြင်ရသည့် မျက်ဝန်းများနှင့် ဆုံသွားမိတော့သည်။အင်မတန်မှ မယုံကြည်နိုင်စရာ ဖြစ်သည်။အနှီလှပသည့် မျက်ဝန်းလေးများက တစ်ဖတ်သားအပေါ်မှာ မြှားပေါင်းအစင်းတစ်သောင်းမက ပစ်ခွင်းသည့်နှယ့်ဘဲ အပြတ်အသက် ဖိအားပေးလို့ထားသည်။
ဆရာယွီမောင်နှင့် ဝူရှ၏ အကြားက ဆွဲအတင်းခံနေရလေသည့် ကြာပွတ်ကလေးမှာ ပြတ်ထွက်သွားလုလုအထိ သနားစဖွယ် တင်းမာနေခဲ့လေပြီး ဆရာယွီမောင်ကဘဲ စ၍ ဆိုလေ၏။
"အခု သမားတော်ရှက ကိုယ့်ကိစ္စ မဟုတ်ဘဲနဲ့တောင် ဝင်ပါတက်နေပြီပေါ့ ဟုတ်ရဲ့လား။ဘယ်တုန်းကများ ကိုယ့်ကိုကိုယ် ဒီလောက်အထိ မြင့်မြတ်သွားတယ် ထင်လိုက်ရတာလဲ။အတော်ဘဲ မနက်က ကိစ္စကို ဖြေရှင်းချင်နေတာနဲ့...''
သွမ့်ရုံချင်းခမျာ အနှီနှစ်ဦးသား၏အကြားမှာ ပြူးကြောင်ကြောင်လေးသာ ရပ်ကြည့်နေခဲ့မိရင်း...
ဆရာယွီမောင်၏ ယင်းစကားများကြောင့်ဘဲ ဒီမနက်ခင်းကတည်းက ဝူရှနှင့် သူ့ဆရာ ပြဿနာတစ်ခုခု ရှိခဲ့ပုံဘဲဟု စိတ်ထဲကနေ တိတ်တဆိတ် ကောက်ချက်ချလိုက်တော့သည်။ဝူရှက အနည်းငယ်မျှ တုန်လှုပ်မသွားခဲ့ပါ။တည်ကြည် ထက်ရှသည့် မျက်ဝန်းများဖြင့်သာ ဆရာယွီမောင်၏ အနှီစကားများကို ပြန်လာကာ တုန့်ပြန်ပေးခဲ့သည်။တစ်အောင့်အကြာထိ အကြည့်ချင်း စစ်ထိုးပြီးမှ ဝူရှက ဆိုပါသည်။
"လူကြီးမင်းယွီ အထင်မှားနေပါပြီ။သံမောင်း ခေါက်သွားခဲ့ပါပြီ။အခုက ချင်းအော်ကို ကျွန်တော် သင်ကြားပေးရမယ့် အချိန်မို့ပါ''
ယွီမောင်က ဝူရှ၏လက်ထဲမှာ မညှာမတာ ဆွဲဖမ်းခံထားခဲ့ရရှာသည့် သူ၏ကြာပွတ်လေးကိုဘဲ ဆောင့်ဆွဲယူပစ်လိုက်ကာ နှခမ်းအစုံ တွန့်ကွေးလိုက်လျှက်လည်း ထပ်မံ၍ ဆိုပြန်ပါသည်။
YOU ARE READING
My ShiFu Kiss Me!!!( Completed )