8(U+Z)

9K 1.2K 3
                                    

*ရင်သွမ့်ကျောက်စိမ်းတံဆိပ်ပြား*

မိန်းကလေး၏ မချင့်မရဲ မျှော်လင့်ချက် မျက်ဝန်းလေးများသည်ကား တိုးတောင်းလွန်းသည့် အချိန်တစ်ခုမှာပင် ညိုးငယ်သွားခဲ့ပြန်၏။ဤသည်ကိုပင် စိတ်လက်မရှည်နိုင်သူ ခိုင်းဖုန်းက ခတ်ထန်လွန်းသည့် လေသံမျိုးနှင့်...

"အိုက်ယား...ပြောမှာသာ ပြောစမ်းပါဟ။တွေဝေမနေစမ်းနဲ့ အမှန်တိုင်းသာ ပြောလိုက်။တာလီနန်းတော်အထိ မင်းကိုခေါ်သွားပြီး ကယ်ပေးထားလို့ ရတယ်။မိသားစုပါ ရှိနေသေးရင် အဆောင်ယောင်တွေတောင် ပိုချီးမြှောက်ထားလိုက်ဦးမယ်။ပြောစမ်းပါ...''

ကောင်မလေးက မျက်လွှာကို ချထားဆဲ ဖြစ်သည်။သူ့အတွေးနှင့်သူသာ ထိတ်လန့်နေခဲ့ရင်း ခိုင်ဖုန်း၏ အပြောအဆိုများကို ဂရုထား နားဝင်နိုင်ပုံလည်း မရပါပေ။ထို့ကြောင့် ဖန်မိန်ရှင်းကဘဲ နှစ်သိမ့်ပြုံးနှင့် ဝင်ဆိုကာ ဖြည့်စွပ်ပေးလိုက်ရတော့သည်။

"ငါတို့က ယုံလို့ရပါတယ်။သေချာပေါက် မင်းကို ကယ်ထုတ်ပေးမှာမို့လို့ မိန်းကလေး...ဖြစ်နိုင်ရင် အမှန်တိုင်း ပြောပြပေး‌စေချင်ပါတယ်ကွယ်...''

သူမက ချိနဲ့စွာ မော့ကြည့်လာခဲ့ရှာပေသည်။ဖန်မိန်ရှင်း၏ နွေးထွေးလွန်းသည့် အပြုံးတစ်ပွင့်က သူမအတွက်တော့ ဖွင့်ပြောပြရန် လုံလောက်သည့် အကြောင်းပြချက်တစ်ခုကဲ့သို့ပင် ဖြစ်ခဲ့လေပြီဟု ပြောနိုင်လိမ့်မည်။နောက်ဆုံးမှာတော့ ထိုမိန်းကလေးမှာ ခပ်ဖျော့ဖျော့လေးဘဲ စတင်၍ စကားစလာခဲ့ပေသည်။

"အဲ့ဒီနေ့ညက...အဲ့ဒီသခင်လေးနဲ့အတူ ရှိနေခဲ့တဲ့ မုန့်တီရှင်းက ကျွန်မ မဟုတ်ရပါဘူး...''

မထင်မှတ်ထားသည့် စကားမျိုးဖြစ်နေ၍လည်း ဆိုင်ရှင်အပါအဝင် ကျန်မိန်းကလေးများပါ အံ့အားသင့်ကုန်ကြရတော့သည်။သို့သည့်တိုင် အသံတော့ ထွက်ရဲမနေကြသည်မို့လည်း ဆက်၍သာ နားထောင်နေလိုက်ကြရသည် ထင်သည်။ထိုမိန်းကလေးမှာ ဆိုင်ရှင်အား ကွက်ကြည့် ကွက်ကြည့်ဖြင့်ဘဲ ဆက်ပြောလေ၏။

My ShiFu Kiss Me!!!( Completed )Donde viven las historias. Descúbrelo ahora