32(U+Z)

5.3K 795 17
                                    

*ငါနဲ့လက်ထပ်ဖြစ်ခဲ့တဲ့ မိန်းကလေးပါ*

ရုတ်တရက် ပွင့်ဟလာသည့် တံခါးနှင့်အတူ အမြန်သာ ထထိုင်လိုက်ရသည့် နှစ်ဦးသားလည်း အနှီတံခါးအဝကနေ အလျှိုလျှို ဝင်လာခဲ့ကြသည့် လူများကို အလိုမကျစွာဘဲ စူးစိုက်လျှက် ကြည့်နေမိကြလေသည်။

ညစာ သုံးဆောင်ရန်အတွက် ဟင်းပွဲများ အစုံအလင် လာချပေးကြသည့် အစေအပါးများ ဖြစ်ပါသည်။ပိုပြီးဘဲ နစ်နာသွားရသကဲ့သို့ သွမ့်ရုံချင်းတစ်ယောက်မှာဖြင့် ကောင်းကင်လောက်ကြီးမားသည့် ဆုံးရှုံးမှုကြီးတစ်ခုကို ရင်ဝယ်ပိုက်လိုက်ရသည်အလား နှမြောတသသ မျက်နှာလေးလေးဖြင့်လည်း ရှုံ့တွနေတော့သည်။

နံဘေးက ဝူရှပင်လျှင် ခြွင်းချက်မဟုတ်။တပည့်ကျော် လက်ချက်ဖြင့် အတော်လေးကို ပုံပန်းမကျ ဖြစ်သွားခဲ့ပေသည့် ကပိုကရို ဝတ်ရုံလေးကိုသာ ဖုံးဖုံးဖိဖိ လုပ်နေသည်။

တပည့်ကောင်လေး၏ အထိအတွေ့တိုင်း၌ သာယာနေမိသည်။အမြဲတစေ တစ်စုံတစ်ခုကို ​ငတ်မွတ်သလိုလို မရပ်တန့်ချင်မိသည့်တိုင် တစ်ခုခုကြောင့် ရပ်တန့်လိုက်ရချိန်တိုင်းမှာလည်း မကျေနပ်စိတ်ကလေးများက တလှိုက်လှိုက်နှင့်။သူ၏နှလုံးသား ထူးဆန်းနေပေပြီ။

စဥ်းစားဆင်ခြင်းနိုင်စွမ်းလည်း ဒုက္ခတွေ့ပါသည်။တစ်ချိန်ကတော့ ဤမျှလောက်ပင် သူ့စိတ်ကို ယောက်ယက်မခတ်စေခဲ့သည့် တရင်းတနှီး အပြုအမူများလောက်ကိုဘဲ စိတ်အနှောက်အယှက်ဖြစ်သည်ဟု တွေးခဲ့ပေမဲ့ ယခုတော့ သူကိုယ်တိုင်က ထိုထက်ပိုကြမ်းတမ်းသည့် အထိအတွေ့များမှာ သာယာပြီး အငမ်းမရ ဖြစ်လာခဲ့သည်။

အမြဲတစေ ဣန္ဒြေနှင့် သိက္ခာဆိုသည်များကို သေသပ်ကြည်လင်စွာဘဲ ထိန်းသိမ်းတက်ခဲ့ပေမဲ့ ယခုတော့ သူ့ကိုယ်သူပင် လူစားအလဲခံလိုက်ရပြီလား။သံသယဝင် နေရှာပြီ ဖြစ်တော့သည်။

သက်ပြင်းတစ်ချက် ဆွဲချလိုက်မိသည်။ခန္ဓာကိုယ်‌ပေါ်က ဝတ်စုံထိန်းသိန်းခြင်းကို ခါးစည်းကြိုး ပြန်လည်၍ ချည်နှောင်ခြင်းဖြင့်ဘဲ အဆုံးသက်ခဲ့သည်။

My ShiFu Kiss Me!!!( Completed )Where stories live. Discover now