56(U+Z)

5.1K 622 16
                                    

*ခွေးလိုအကောင်!*

တာ့မင်နှင့် ပါရှားအကြားက နယ်နမိတ်မှာ အပူပိုင်း သဲကန္တာရမြေ လွင်ပြင်ကြီး တစ်ခုပင်။သွမ့်ရုံချင်းအပါအဝင် တာ့မင်တပ်သားများ ရေဓာတ်ခမ်းခြောက်မှုဖြင့်ရော၊ နှစ်ရက်တာလုံး၏ တိုက်ပွဲဆက်တိုက် အခြေအနေကြောင့်ရော နှခမ်းများပင် ဖြူဖျော့နေကြသည်။

ပါရှားစစ်တပ်မှာ မူလကတည်းက ဤကဲ့သို့ အပူ ပြင်းထန်မှုနှင့် ကျင့်သားရထားခဲ့ပြီးသား ဖြစ်သည်။ထို့ကြောင့်ဘဲ အနှီတိုက်ပွဲမှာ လက်ခတ်မလွဲ အသာစီးရနေခဲ့သည်မှာ ပါရှားစစ်တပ်ကြီးသာ ဖြစ်လိမ့်မည်။

တာ့မင်စစ်တပ်မှာ ခံတပ်သာသာ ခုခံနေရသည့် စစ်တပ်ဖြစ်ခဲ့သည်။နှစ်ရက်ဆက်တိုက် လှံမိုး မြားမိုးများဖြင့် တိုက်ခိုက်ခဲ့ကြရာ ယခု တာ့မင်စစ်တပ်ကြီးမှာ အင်မတန်မှ ခြေကုန် လက်ပန်းကျနေခဲ့ကြလျှက် အရေးသာနိုင်ရန်က အတိ ခဲယင်းလှပေသည်။တာ့မင်စစ်တပ်အတွင်းက အချို့သော တပ်သားများမှာ ရေပြတ်လပ်မှုကြောင့်လည်း ဂယောင်ခြောက်ခြားများ ဖြစ်နေကြပေပြီး

သုံးရက်မြောက် တိုက်ပွဲတွင်တော့ မတက်သာသည့် ဆုံးဖြတ်ချက်တစ်ခုအနေနှင့် လက်နတ်ချပစ်လိုက်ရတော့မည့် အရိပ်ယောင်မျိုးကိုသွမ့်ရုံချင်း ခံစာနေခဲ့ရပြီဘဲ ဖြစ်သည်။

လူအင်အားမှာ ဆယ်ယောက်တစ်ယောက်ကဲ့သို့ အင်မတန် ကွာခြားလွန်းနေခဲ့သည်။ပြင်းထန်သည့် စိတ်မျိုးက တပ်သားအချို့မှာသာ ရှိတော့ပေသည်။သွမ့်ရုံချင်း အားမလို အားမရ ဖြစ်နေမိရုံက လွဲ၍ ထိုထက်ပိုကာ တက်စွမ်းသာသည်ကတော့ အမှန်တကယ်ဘဲ ရှိမနေခဲ့တော့ဘူး။

ယခုလက်ရှိ၏ သူ့အား ဝန်းရံကာ စောင့်ရှောက်ပေးနေခဲ့ကြသည့် အမာခံတပ်သားများကပင် မျက်ဖြူစိုက်မတက် ခြေကုန် လက်ပန်းကျနေကြပါပြီ။

အန်းမူလော့၏ မျက်နှာလေးကို ပြန်လည်ကာ မြင်ယောင်မိသည်။သူ၏ တစ်ကိုယ်ကောင်းစိတ်ဖြင့်တော့ လူအယောက်ချင်းစီတိုင်း၏ မိသားစုကို ပျက်စီးစေရန် မဖြစ်သင့်ပါ။အနှီတိုက်ပွဲကို အလံဖြူပြကာ ရပ်စဲလိုက်ရန်သာ ဝမ်းနည်းစွာ ကြံရွယ်ထားလိုက်ရတော့သည်။

My ShiFu Kiss Me!!!( Completed )Where stories live. Discover now