Extra Part-1

3.6K 199 5
                                    

*ဒီတပည့်ငယ်လေးက ချွဲလွန်းတယ်*

ချင်နှင့်မင် နှစ်ပြည်ထောင် ပေါင်းစည်းပြီး တစ်နှစ်အကြာတွင် ဖြစ်လေသည်။

နှစ်နိုင်ငံ၏ ပေါင်းစည်းမှုက ယင်းနှစ်ပြည်ထောင်ရှိ ပြည်သူ ပြည်သားများအတွက်ကတော့ မိုးနတ်မင်း၏ ကောင်းချီးပေးမှုတစ်ခုကဲ့သို့နှယ်။နှစ်နိုင်ငံအကြားက စွန့်ပစ်မြေဆိုး တစ်မိုင်စာလောက်ကပင် ယခုတော့ လူသွား လူလာများစွာဖြင့် စည်းကားနေသည်။

အင်မတန်မှ ကောင်းမွန်လှသည့် လမ်းပန်း ဆက်သွယ်ရေးကြောင့်လည်း နိုင်ငံနှစ်ဖတ်မှာ အချင်းချင်း၏ ကုန်စည်များ ပို့ဆောင်ရေး အလားတူ တင်သွင်းရေးတို့ဖြင့်ပါ ဝေဆာကာ ဝပြောနေပေ၏။

မင်းနှစ်ပါး၏ စိတ်ထား မြင့်မြတ်လေခြင်းကြောင့်သာ ပြည်သူများက ယခုကဲ့သို့ ပျော်ရွှင် ချမ်းမြေ့နေကြရသည်။အနှီမင်းနှစ်ပါးမှ သူတို့ ပြည်သူများကို အလိုလိုက်ပေးကာ နှစ်နိုင်ငံ၏ ပေါင်းစည်ရေး အဖြာဖြာကို ဆောင်ရွက်ပေးနေကြသည့် အချိန်မျိုးတွင်တော့၊ တစ်ချိန်က ''သွမ့်-ဝူ''မျိုးနွယ်စုနှစ်ခု၏ ပဋိပက္ခများကပင် လူပြောများလေသည့် ပုံပြင် တစ်ပုဒ်အလား။

သို့တစေ ယခုအချိန်အထိပင် အနှီ နှစ်ပြည်ထောင်၏ ပြည့်ရှင်မင်းနှစ်ပါးကတော့ မျက်နှာချင်းဆိုင်၍ ဖြစ်နိုင်မနေသေး။

ချင်ဘုရင် ဝူမင်ရန်မှာတော့ ချင်ပြည်သူများ၏ အချစ်ခံ မင်းတစ်ပါးဖြစ်နေပြီ။

သို့ပေမဲ့ မင်ဘုရင် ယွီဝမ်ယွဲ့မှာတော့ဖြင့် မင်ပြည်သူများ၏ ဝပ်တွားခယသည်ကို ခံယူရလေရုံ၊မင်တိုင်းပြည်၏ အိုကြီး အိုမ မူးမက်များ၏ အယူအဆကွဲလွဲ သောင်းကျန်းမှုများကိုတော့ အစွမ်းကုန်ပင် ချုပ်ကိုင်နေရလေဆဲသာ ဖြစ်သည်။

ယင်းအမက်အိုကြီးများ၏ စိတ်ထဲတွင်တော့ ယွီဝမ်ယွဲ့မှာ ငယ်ရွယ်သော မင်းတစ်ပါး၊သို့မဟုတ်လည်း သူဖုန်းစားဘဝမှ မကောင်းမကမ်း အကြောင်းပြချက် များစွာဖြင့်သာ ဧကရာဇ်တစ်ပါး ဖြစ်လာလေသူဟု အသိအမှတ် ပြုထားကြ၍။

My ShiFu Kiss Me!!!( Completed )Where stories live. Discover now