47(U+Z)

5.8K 674 15
                                    

*မင်းက အိုနေပြီ*

ထိုးသွင်းမှု အချက်ပေါင်းများစွာဖြင့်သာ တစ်သက်တာလုံး ညစ်ထွေးခြင်း အလျှင်းကင်းခဲ့လေသည့် နယ်ပယ်လေးထဲကို
တမင် ရက်စက် ချည်းနှင်းဝင်ရောက်လာခဲ့သည်။အနှီကောင်လေးကြောင့် ဝူရှမှာဖြင့် နာကျင်မှုတစ်ခုကိုသာ အရုပ်ကြိုးပြတ် ခံစားရခဲ့ပါသည်။

အနှီဆက်ဆံခြင်း ခရီးလမ်းမှာ ချင်းအော်တစ်ဦးသာ သာယာနေခဲ့လိမ့်မည်။ဝူရှအတွက်ကတော့ နာကျင်သည်ကလွဲ၍ မည်သည့်ခံစားချက် တစ်စုံတစ်ရာမျိုးမှပင် ရှိမနေခဲ့ပါလေ။တစ်စွန်းတစ်စ နောင်တများနှင့်အတူသာ နာကျင်မှုကို နောက်ဆုံး မတားမြစ်ဖြစ်လိုက်တော့ဘဲ မျက်ဝန်းအစုံကို ဖိမှိတ်ထားခဲ့လျှက် အနှီအနေအထားကြီးကို ဆီးကြိုကာဘဲ တောင့်ခံထားမိလိုက်တော့သည်။

ဤသည်က နောက်ဆုံး ဆက်ဆံခြင်းလေဟု...
သူ့ကိုယ်သူ တစ်ချိန်လုံး အပစ်တင်ခဲ့မိသည့် ထိုအချိန်က နောင်တရစရာကိစ္စကြီးအား လုံးဝအတိမဟုတ်လျှင်တောင် ကျေအေးသွားစေဖို့ ရည်ရွယ်ရင်း ဤကဲ့သို့ အပြုလုပ်ခံနေခဲ့ခြင်းသာ ဖြစ်သည်။အမှန်စင်စစ် တစ်ဖတ်မှာလည်း သူ၏နှလုံးသားကို နှစ်သိမ့်ပေးခြင်းသာ ဖြစ်ပါတော့သည်။

ယောကျာ်းနှစ်ဦး၏ အဝတ်ကင်းမဲ့လျှက် ပူးကပ်နေကြလေသည့် ခန္ဓာကိုယ်များမှာ အင်မတိ အင်မတန်မှပင် အရှက် ကင်းမဲ့လွန်းလှပါသည်။အလားတူ နားမခံရပ်နိုင်လောက်အောင်အထိ မနားတမ်း ထွက်ပေါ်နေခဲ့သည့် တဖတ်ဖတ် ရိုက်ခတ်သံများကြောင့်လည်း လက်ရှိနေရာက အငွေ့ပျံကာဘဲ ပျောက်ကွယ်သွားလိုက်ချင်သည်။

ဆောင်းတွင်၏ နှင်းပွင့်များကိုပင် အံ့တုလျှက် ချွေးများနှင့် စီးထွေးနေခဲ့သည့် ချင်းအော်၏ ညိုစိမ့်စိမ့် ခန္ဓာကိုယ်ကြီးမှာဖြင့် အင်မတန်မှကို ကြောက်ခမန်းလိလိရယ်။

မတွေ့ရသည့်နှစ်များမှာ ချင်းအော်၏ အသားရည်များမှာ ကြမ်းရှလာခဲ့သည်။အရင်တစ်ချိန်က ဖွေးဖြူနေခဲ့သည့် အလိုလိုက်ခံ အသားအရည်လေးမှာဖြင့် ယခုအချိန်မှာတော့ ဤကဲ့သို့ နီစပ်စပ်ဖြင့်။ဝန်ခံပါသည်။အနှီခရီးစဥ်တစ်လျှောက်၏ အချိန်အပိုင်းအစ အချို့မှာတော့ ချင်းအော်ကို ကြည့်ပြီး သူစိတ်မကောင်း ဖြစ်ခဲ့မိသေးသည်။

My ShiFu Kiss Me!!!( Completed )Where stories live. Discover now