16(U+Z)

7.2K 898 7
                                    

*ဟန်ကျိုးမြို့သို့ ပြန်လည်ရောက်ရှိ''

မင်ရန်နှင့် မင်ဝမ်တို့နှစ်ဦး ရိုက်ရိုက်ပုတ်ပုတ်နှင့် ငြင်းခုန်‌လျှက်။ဝူရှ၏ ငေါက်ငမ်းလိုက်ခြင်းကြောင့်သာ ဟွန်းသံ ကိုယ်စီပြုလျှက် ကိုယ်ဖော့သုံးကာ အမိန့်နာခံရန်အတွက် စတင်ထွက်ခွာသွားကြတော့သည်။

နောက်ပြန်လှည့်ကာ လှေအိမ်ထဲက စာပွဲအထက်မှာ မှောက်ရပ်သား အသိမဲ့နေခဲ့သည့် သွမ့်ရုံချင်းထံကို တစ်ဖန် ငံ့လင့် ကြည့်လိုက်သည်။မလှုပ်မယှက်နှင့် ငြိမ်သက်ကာသာ မေ့မျောနေဆဲဖြစ်ကြောင်းကို အတည်ပြုလိုက်ပြီးမှ လှေ၏ ရွေ့ရှားမှုကို အတွင်းအားဖြင့် တစ်ဖန် ထိန်းချုပ်လိုက်ပြီး ထိုနေရာကနေ သူလည်းဘဲ စတင်၍ ထွက်ခွာလိုက်‌တော့ပေသည်။

တီမုန့်မြစ်ကြောင်း တစ်လျှောက်လုံးကို မည်သည့် အတားအဆီးမျိုးမျှ မကြုံတွေ့နေခဲ့ရ။ဆိတ်ငြိမ်စွာ ဆန်တက်လာနိုင်ခဲ့ပါသည်။

__________________

သွမ့်ရုံချင်း၏ ဆရာများမှာ ဝူမင်ဝမ်၏ ခြိမ်းခြောက်မှုဖြင့်ဘဲ လူစုခွဲကာ ဖန်မိန်ရှင်းနှင့် ကျွေးယွီဖျောင့်နှစ်ဦးသား ယခုတော့ တီမုန့်မြစ်၏ မြစ်စဘက်ဖြစ်သည့် ဟန်ကျိုးမြို့စွန်းသို့ ရောက်ရှိလာခဲ့ကြသည်။ဖန်မိန်ရှင်း၏ စိတ်နှလုံးပူလောင်မှုနှင့်အတူ နေရာလပ်ပင် ကျန်ရှိမနေရလေအောင် ပိုက်စိပ်တိုက်ကာ ရှာဖွေခဲ့ကြသည်။

သို့သည့်တိုင် အဖြစ်ပျက်မှာ ဝူမင်ဝမ်၏ စကားအတိုင်း မှန်ကန်မနေခဲ့ပါပေ။ဝူမင်ဝမ်မှာ လုံယွဲ့ဂေဟာ၌ သွမ့်ရုံချင်းကို အဆိပ်ခတ်၍ တီမုန့်မြစ်၏ ရေစီးကြောင်းတစ်လျှောက်အတိုင်း သေဆုံးပြီး ရုပ်လောင်းကို မျှောချပစ်လိုက်သည်ဟု ဆိုခဲ့လေသည်။

ဝူမင်ဝမ်၏ ယင်းစကားကြောင့်လည်း ဖန်မိန်ရှင်းရော ကျွေးယွီဖျောင့်ပါ အမှန်တကယ်တော့ များများစားစားလည်း မျှော်လင့်မထားဖြစ်ခဲ့ကြ။သို့သည့်တိုင် မြစ်စပ်၏ ကမ်းပါးဘေး၌ လှုပ်လီလှုပ်လဲ့နှင့် ကမ်းကပ်နေခဲ့သည့် အတန်သင့်ပင် ကြီးမားလေသည့် လှေတစ်စီးကို တွေ့လိုက်ရသည်။

My ShiFu Kiss Me!!!( Completed )Where stories live. Discover now