လမုန့်ပွဲတော်
သွမ့်ရုံချင်းမှ သူ၏လေးကိုင်းနှစ်ခုသဖွယ် ဆေးစက်ကျ မျက်ခုံးတန်းလေးများကို စိတ်လိုလက်ရ ပင့်တိုင်လိုက်သည့် အချိန်တိုင်း မိန်းမပျိုလေးများမှာဖြင့် ရူးရူးမူးမူးပင် ကြွေဆင်းသွားတက်ကြသည်။
အလားတူ နတ်ဆွေးနေသည့် ယပ်တောင်ငယ်နှစ်ခုအသွင်ဖြင့် သူ၏ပါးမို့မို့ အထက်မှာ ဝဲကျနေခဲ့သည့် မျက်တောင်အရှည်များ။ယင်းမျက်ခုံးတန်းများနှင့် ပေါင်းစပ်ကာ ပြုံးရေးပြလိုက်သည့် အခါမှာတော့...
မိန်းမလှတစ်ယောက်ကို ရင်ဖို လှိုက်မောစွာ အသက်ရှုပင် နှေးကွေးသွားနိုင်လောက်အောင် ပြုစားသည့် အလှမျိုးကိုလည်း ပိုင်ဆိုင်ထားပြန်သည်။ရှည်သွယ်သည့် မျက်နှာမျိုးလည်းဖြစ်ကာ သူတစ်ဖတ်သို့ ငံ့လင့်ကာ ငေးမောကြည့်လိုက်ချိန်တိုင်း၌ တိပစွာ ထင်းထွက်လာတက်သည့် မေးရိုးကြောင့်လည်း အနှီသွမ့်ရုံချင်းက မည်မျှလောက်အထိ ယောကျာ်းပီသပါကြောင်းအား ဖွဲ့ဆိုနေရန်မှာ ကဗျာပိုဒ်တို့ပင် မရှိနိုင်လောက်အောင် ဖြစ်ရသည်။
သွမ့်ရုံချင်းကို အမည်ကြားရုံနှင့် သွမ့်အိမ်တော်ကဖြစ်စေ၊ တာလီနန်းတော်ကြီး တစ်ခုလုံးကဘဲဖြစ်စေ ဖူးဖူးမှုတ်ကာ ခစားပေးတက်ကြသည်။အနာဂတ်၏ လောကသိ တာလီ ဘုရင်အလျောင်းအလျာလေးအဖြစ်လည်း အနိုင်ကျင့်ရဲသူက မည်သူများ ရှိနေအံ့နည်း။
သွမ့်ရုံချင်းတွင် စာအုပ်တစ်အုပ်ကို သုံးခေါက်ခန့် အကြမ်းဖျင်းမျှ ဖတ်လိုက်ရုံနှင့်တင် တစ်အုပ်လုံးကို အလွယ်တကူ မှတ်မိနေတက်သည့် သူမတူ မှတ်ဉာဏ်မျိုးလည်း ရှိနေသည်။
၅ နှစ်သားအရွယ်၌ သွမ့်ဦးရီးတော်ကို အမုန်းထား၍ သားတော် သွမ့်ရုံချင်းကို ဖမ်းစီးခေါ်ဆောင်သွားပြီး အခြိမ်းခြောက်ခံခဲ့ရဖူးသည်။သွမ့်အိမ်၏ သိုင်းဆရာ သခင်များကြောင့်သာ သားတော်သွမ့်ရုံချင်းမှာ အသက်အန္တရာယ်မှ လွတ်မြောက်ခဲ့ရကာ တာလီသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
သို့သော် သွမ့်ရုံချင်းခမျာ သူ၏အသက်အရွယ်လေးနှင့်မှ မလိုက်ဖတ် ပြင်းထန်လွန်းလှသည့် ရေခဲအဆိပ်ဒဏ်ရာ ကိုယ်ဝယ် ပိုင်ဆိုင်လာခဲ့တော့သည်။နတ်ဆေးသမားတော်ဘွဲ့အထိ ခံယူထားကြသည့် မည်သည့် သမားတော်များဖြင့်ပင် ကုသခဲ့ပေးခဲ့ကြပါစေ သားတော်လေး၏ အသက်အန္တရာယ်မှာတော့ စိုးရိမ်နေရဆဲ။
YOU ARE READING
My ShiFu Kiss Me!!!( Completed )