59(U+Z)

5.7K 719 124
                                    

*ဘုန်းတော်ကြီးနဲ့ တိုင်ပင်မလို့*

ဝူရှ ဘုန်းကြီးဝတ်လိမ့်မည်ကို ခန့်မှန်းနိုင်ပြီးသည့်နောက် သွမ့်ရုံချင်းမှာ ကိုယ်ရံတော် မြောက်များစွာ အသုံးပြုကာဘဲ
ချင်နှင့်မင်၏ နေရာအနှံ့က ဘုန်းတော်ကြီးကျောင်းနှင့် ဝတ်ပြုဘုံကျောင်းများပါမကျန် စုံစမ်းကာ ဝူရှ ရှာပုံတော်ဖွင့်ရပါတော့သည်။

ဘုန်းတော်ကြီး ကျောင်းပေါင်း ၃၂ ကျောင်းအထိ ရှာဖွေခဲ့ရသည်။နောက်ဆုံးမှာတော့ ချင်နိုင်ငံ အစွန်ဖျားရှိ လူအရောက်အပေါက် နည်းလွန်းသည့် ထျင်းရာဆိုသည့် တောင်ပေါ်ဘုရားကျောင်းမှာ ရှိနေခဲ့ကြောင်းကို အတည်ပြုလိုက်ရသည်။ထိုသတင်းကို ရလျှင်ရချင်းမှာဘဲ လေပေါ်သို့ ပျံလုမတက် ခုန်ပျံကာ မကျော်လွှားခဲ့ရုံတမယ် သူ့ခမျာ အနှီကျောင်းတော်သို့ ဆန္ဒစောစွာဘဲ ခရီးနှင်လာခဲ့သည်။

ကျောင်းတော်သို့ ဆိုက်ရောက်သည်နှင့် ဦးစွာ ကျောင်းထိုင်ဆရာတော် အန်းချွမ်ဆိုသူနှင့် တွေ့ဆုံရလေသည်။ဝူရှကို တွေ့ချင် မြင်ချင်စိတ်များဖြင့်လည်း သူ၏ရင်ဘက်နေရာကဖြင့် တစ်လှပ်လှပ်နှင့် အစိုးမရနိုင် ဖြစ်နေခဲ့ပါပြီ။

ဆရာတော်မှာ စကားပြောဆိုနေပုံကအစ အင်မတန်မှကို နှေးကွေးလွန်းခဲ့သည်မို့လည်း သွမ့်ရုံချင်း မည်သို့မျှ စိတ်မရှည်ချင်မိတော့ပေ။

"ဒကာလေးက ဆရာတော်တို့ကျောင်းကို ဘယ်အရေးနဲ့များ ရောက်လာခဲ့ရတာလဲ...''

"ဟုတ်ကဲ့။ကျွန်တော့်ရဲ့ မိတ်ဆွေတစ်ယောက် ဒီကျောင်းမှာ ရှိနေတယ်ဆိုပြီး သိလာရလို့ လာပြန်ခေါ်တာပါ ဆရာတော်...''

"အိမ်း ဒီကျောင်းက လူသူ အရောက်ပေါက်နည်းတော့ တော်ရုံလူတွေ မလာတက်ကြဘူးကွဲ့။ဒကာလေးက ဘယ်မိတ်ဆွေကိုများ ပြောတာလဲကွယ်...''

"ဝူရှပါ...သူနဲ့ကျွန်တော် နားလည်မှု နည်းနည်း လွဲနေတာလေး ရှိလို့ ညှိနှိုင်းပြီး ပြန်ခေါ်သွားချင်လို့ပါဘုရား...''

ဘုန်းတော်ကြီးမှာ ဝူရှဆိုသည့် အမည်နာမကို ကြားလိုက်ရရုံနှင့်တင် သွမ့်ရုံချင်း၏ မျက်နှာကို စေ့စေ့ပေါက်ပေါက် ကြည့်လာခဲ့သည်။အလိုမကျလှသည့် မှုန်ကုပ်ကုပ် မျက်နှာထားအဖြစ် ပြောင်းလဲသွားခဲ့ရင်းလည်း...

My ShiFu Kiss Me!!!( Completed )Where stories live. Discover now