60(U+Z)

5.9K 635 46
                                    

*အလိုမတူဘဲ ပါးရိုက်ခံလိုက်ရသလို...*

"ကျောင်းထိုင်ဘုန်းတော်ကြီးနဲ့ သွားပြီး တိုင်ပင်မလို့...''

"အာ အဲယ်း...ဝူ...ဝူရှ..!အိုက်ယား ငါ့ရဲ့ ချစ်လှစွာသော ဆရာလေးကတော့ကွာ..."

ဝူရှမှာ သူ၏ လက်များကို ဖယ်ရှားကာဘဲ တစ်ဖတ်သို့ လှည့်ကာ ပြေးထွက်သွားရန် ပြင်လိုက်သည်။ချင်းအော်ပင်လည်း တကယ်ကို မတားဆီးနိုင်တော့ပါပေ။အပစ်ကင်းလွန်းသည်လား သို့မဟုတ်လည်း အမှန်တကယ်လေးပင် တုံးအနေခဲ့သည်လား...

သူ့အရှေ့မှာ နေ့တိုင်းအလိုလို ဤကဲ့သို့လေးများ အပစ်ကင်းစွာ တုံးအနေမည်ဆိုလျှင်တော့ဖြင့် အနှီဆရာငယ်လေးမှာ ချစ်ဖို့ကောင်းလွန်း၍ ညစဥ် ညတိုင်းပင် အသုံးဆောင်ခံနေရတော့မည်လေ။သူတို့၏ အနာဂတ်က ကြည်နူးစရာ အချိန်လေးကိုသာ လှမ်းပြီး မြင်ယောင်လိုက်မိလျှက်။

ဝူရှတစ်ယောက် ခြေသုံးလှမ်း ပြည့်အောင်ပင် မလှမ်းလိုက်ရပါ။ကိုယ်တော်တစ်ပါးမှာ သူတို့ရှိနေရာကို အပြေးအလွှားနှင့်ဘဲ ရောက်ရှိလာခဲ့ပေသည်။ဝူရှကဘဲ ဂါဝရပြုပြီး တရိုတသေ စတင်၍ မေးမြန်းလိုက်သည်။

"ကိုယ်တော်ရုံကျိုး...ဘာကိစ္စများရှိလို့ အခုလိုမျိုး အဆောတလျှင်နဲ့တောင်...''

အနှီနေရာကို အပြေးအလွှားဘဲ ဆိုက်ရောက်လာခဲ့ရသည်မို့ ကိုယ်တော်လေးမှာတော့ အင်မတန်မှကို မောဟိုက်နေခဲ့ပုံက အသက်ကိုပင် အလုအယက် ရှုသွင်းနေရရှာသည်။ဝမ်းဗိုက်နေရာကိုဘဲ လက်နှစ်ဖတ်ဖြင့် ဖိနှိပ်ထားခဲ့ပါသည်။

ဝူရှက စမေးလိုက်သည်မို့လည်း လက်တရမ်းရမ်း အမူယာမျိုး ပြလာသည်။ဝူရှစကားများကို တားမြစ်ခြင်း ဖြစ်ပါသည်။ဝူရှရော ချင်းအော်ပါ အနှီဆရာတော်လေးကို ငြိမ်သက်စွာနှင့် အာရုံစိုက် ကြည့်နေမိကြတော့ ဆရာတော်လေးက ဆိုလာခဲ့ပါပြီ။

"ဆ...ဆရာ...ဆရာတော်က ပြောခိုင်းလိုက်လို့ပါ...''

နောက်ဆုံး အမှာတမ်းစကားလေးပင် မပြောဖြစ်လိုက်မည်ကို စိုးထိတ်နေရှာသည့် လူမမာသည်လေးအလား ကိုယ်တော်ဆက်ပြောသည့် စကားမှာဖြင့်...

My ShiFu Kiss Me!!!( Completed )Where stories live. Discover now