*ဘာလဲ...မင်းကငါ့ကို စိတ်ပူလို့လား*
အေးစက်သည့်အပြင် စိုထိုင်းဆကိုပါ ခံစားနေမိသည့် ပတ်ဝန်းကျင်နှင့်အတူ သူ့ကျောအောက်မှာ အနေရခတ်စွာ ခု ခံနေခဲ့သည် ဝါးလုံးစိမ်းများကြောင့်လည်း သွမ့်ရုံချင်း ခပ်မြန်မြန်ဘဲ အသိပြန်ကပ်နိုင်ရန် ကိုယ့်ကိုကိုယ် လှုံ့ဆော်လိုက်သည်။
ကြုံတွေ့ခဲ့ရသည့် အခြေအနေများကို ဦးစွာ သူ၏ဦးနောက်ထဲမှာ အစီအရီ နေရာချနေမိသေး၏။သူ့လည်ပင်းကို ထိုကောင်လေးမှ ကျောက်စိမ်းဆံထိုးဖြင့် ဆတ်ခနဲ ထိုးချလိုက်သည့် မှတ်ဉာဏ်နှင့် ထိုမြင်ကွင်းကိုမှ ပြန်လည်၍ မြင်ယောင်လိုက်မိသည်မို့လည်း သူ့ခမျာ ရင်ဖိုလှိုက်မောစွာနှင့်သာ ထထိုင်လိုက်မိပါတော့သည်။
"အာ့ မိုးနတ်မင်းရေ...မသေ! မသေသေးဘူး။အဲယ် ငါမသေခဲ့ဘူးဘဲ...ကံကောင်းတယ်။တကယ့်ကို ကံကောင်းလို့ဘဲ။ဟားဟားဟား...''
အပျာသလဲဆိုသလို သူ၏လည်ပင်းနေရာကို ဖိစမ်းကြည့်လိုက်သည်နှင့် တစ်စုံတစ်ခုဖြင့် သေသပ်စွာ စည်းနှောင်ပေးထားခံရသည်ကို သတိထားမိလိုက်သည်။
"အာ့ စစ်း! သေလိုက်ပါတော့ကွာ။သူငါ့ကို တကယ်ကြီး ထိုးချပစ်လိုက်တာဘဲ ဘယ်လိုတောင် လုပ်နိုင်ရတာလဲ။ဒီလိုအသည်းမာတဲ့ ကောင်စုတ်လေးမျိုး တကယ်ကို ပထမဦးဆုံးတွေ့ဖူးတာဘဲ...''
တစ်ကိုယ်တည်းသာ စကားများဆိုနေမိရင်းနှင့် ရုတ်ခြည်းဆိုသလိုဘဲ တစ်စုံတစ်ခုကို သတိထားမိသွားဟန်။သူ၏လက်များကိုသူ ပြန်ပြန်လှန်လှန်လေး မှောက်လိုက်လှန်လိုက် လုပ်ကြည့်ပါတော့သည်။မျက်ဝန်းများမှာ တောက်ပလျှက် နှုတ်ကနေလည်း...
"အဲယ်...ကောင်းလိုက်တာ ငါပြန်လှုပ်ရှားလို့ ရသွားပြီဘဲ။ဟားဟား ငါပြန်ကောင်းသွားပြီ ငါပြန်ကောင်းသွားပြီဘဲ...''
တစ်ဖန်လည်း ကုတင်ထက်မှ ဆင်းချလိုက်ပြန်သည်။သူ့ခြေထောက်များ၏ လှုပ်ရှားနိုင်မှု အခြေအနေကို စစ်ဆေးကြည့်သည်။ခြေထောက်များကို ခုန်ကြည့်လိုက်၊ယိုင်နှဲ့ကြည့်လိုက်နှင့် အစွမ်းကုန်ကို ဝမ်းသာ ရွှင်မြူးနေပါတော့သည်။
STAI LEGGENDO
My ShiFu Kiss Me!!!( Completed )