*သွမ့်ရုံချင်း၏ ငါးနှစ်တာ-၂*
ယွီဝမ်ရှင်း ပြောပြလာခဲ့သည့် သွမ့်ရုံချင်း၏ အနှီငါးနှစ်တာမှာ အပစ်ကင်းစင်လွန်းပါသည်။မည်သည့် ရှု့ထောင့်ကနေဘဲ အကဲဖြတ် သုံးသပ်ပါစေ နောက်ဆုံးတော့ ချင်းအော်နှင့် ပတ်သက်မိခဲ့သည့် သူကသာ အမြဲ အပစ်အရှိဆုံးနှင့် အမိုက်မဲဆုံး ဖြစ်ခဲ့သည်။
ချင်းအော်မှာ ဤကဲ့သို့သော သူ့ကိုဘဲ အပစ်မတင်ခဲ့၍လည်း သူက ပို၍ အပစ်သင့်သည် ခံစားရသည်။အကယ်၍ သူသာ ချင်းအော်နေရာကို ဝင်ရောက်ကာ စာနာကြည့်မိလျှင်ဘဲ မိသားစုကို ပျက်စီးစေခဲ့သည့် လူတစ်ဦး၏ အပေါ်မှာ မည်သည့် အကြောင်းပြချက်မျိုးဖြင့်များ ခွင့်လွှတ်ပေးလိုက်ရမည်လဲလေ။
အလားတူပါပင်။ချင်းအော်က သူ့ကို ထိုကဲ့သို့ သိမ်းပိုက်ခဲ့သည်။အနှီသိမ်းပိုက်ခြင်းကလည်း အသွေးအသားထဲအထိ စူးနစ်ကာ မုန်းတီးနေခဲ့သူတစ်ယောက်ကို ရယူပစ်ခဲ့ရုံ သက်သက် မဟုတ်လေဘဲ ယခု ယွီဝမ်ရှင်း၏ ပြောစကားများ အတိုင်းပင်။ချင်းအော်က သူ့ကို ကြာမြင့်စွာ လွမ်းဆွတ်ကာ တမ်းတနေခဲ့ရသည့်အတွက် ဆိုးနွဲ့မှုတစ်ခုကဲ့သို့သာ ဖြစ်ခဲ့သည်။
ဝူရှခမျာ အတွေးများနှင့်သာ ချာချာလည်ကာ မူးနောက်နေမိသည်။ချင်းအော်၏ မုန်းတီးခြင်းဆိုသည်က သူ့အပေါ်မှာ တစ်ကြိမ်တစ်ခါမျှပင် သက်ရောက်မနေခဲ့လေဘူးဘဲဆိုသည့် အနှီအပစ်သင့်လွန်းသည့် အတွေးစက သူ၏ နှလုံးသားကို ဘယ်လောက်များ ထိုးနှက်နေတော့သည်လဲ။ဝမ်းနည်းလွန်းသည်မို့ အသက်ရှုရမဝတော့ဟုပင် ခံစားရပြီး ရင်ဘက်ကို အင်မတန်မှခတ်ခဲနေသည့်ဟန် မျက်နှာမျိုးနှင့်ဘဲ ဖိနှိပ်ထားလိုက်တော့သည်။
ဝူရှက သူ၏ခြေလှမ်းများကို ရုတ်ခြည်း ရပ်တန့်ပစ်လိုက်သည်မို့လည်း ယွီဝမ်ရှင်းကပါ ရပ်တန့်လိုက်ပြီး...
"လူကြီးမင်း အဆင်ပြေပါရဲ့လား...မျက်နှာအရောင် မကောင်းတော့သလိုပါဘဲ...''
"ရပါတယ် အဆင်ပြေပါတယ်။မေးပါရစေ...အခုနက မင်းသမီးကျွန်တော့်ကို အကူညီတောင်းဖို့ ရှိတယ်ဆိုတဲ့ ကိစ္စက မဟုတ်မှလွဲရော သွမ်ရုံချင်းအကြောင်း နားထောင်ခိုင်းချင်ရုံ သက်သက်ဘဲလား မသိဘူး...''
![](https://img.wattpad.com/cover/254294762-288-k904138.jpg)
YOU ARE READING
My ShiFu Kiss Me!!!( Completed )