44(U+Z)

5.1K 637 12
                                    

*ဘိုးဘိုးဝူ...*

မနက်ခင်း၏ ဆောင်းလေရူးနှင့်အတူ ပနံသင်စွာ ကပ်ပါလာသည့် တစ်တိုင်းမွှေးပန်းရနံ ခပ်သင်းသင်းလေးမှာ ဝူရှ၏ စိတ်အစုံကို အမှန်တကယ် ကြည်လင်စေနိုင်ခဲ့သည်။တစ်ဖန် ကျလိကျလိ ငှက်တေးသံလေးများကပါ အင်မတန်မှ သာယာ နာပျော်ဖွယ်။

ရုတ်ခြည်းဆိုသလို ခံစားလိုက်မိသည့် စိတ်နှလုံး ထွေရှုပ်ဖွယ် ဟင်းခတ် အမွှေးအကြိုင် ရနံ့တစ်ခုကြောင့်လည်း ယခုတော့ ဝူရှမှာ မျက်ခုံးနှစ်ဖတ်ကို အလိုအလျောက် တွန့်ချိုးပစ်လိုက်မိသည်။

ခန္ဓာကိုယ်တစ်ခုလုံးမှာ အဖိချေခံထားရသည့် ပေါက်စီတစ်လုံးကဲ့သို အသက်ရှုမဝဘူး ခံစားနေရသည်။မနေ့က အချိန်တစ်ခုကို ပြန်လည်ကာ မြင်ယောင်လာမိသည်။ကလေးငယ်လေးတစ်ဦးကြောင့်ဘဲ လဲကျသွားခဲ့သည်ကိုတော့ ကောင်းကောင်း မှတ်မိနေပါသေးသည်။

မင်တိုင်းပြည်သို့ အမြန် အရောက်လှမ်းခဲ့ရသည့် ခရီးစဥ် တစ်လျှောက်လုံးမှာ ပြည်ဝစွာ မစားသုံးခဲ့ရ။ထို့ကြောင့် သူ၏နှာဖျားအထိပ်မှာ ဝေ့သီနေခဲ့သည့် ဟင်းနံ့ ခပ်စူးစူးက အင်မတန်မှ စိတ်အနှောက်အယှက်ဖြစ်ဖွယ် လူကို အထူးတလည်ဘဲ ဆာလောင်စေတော့သည်။

မျက်ဝန်းများကို အားယူပြီး ဖွင့်ဟကြည့်လိုက်မိသည်။သူ့ခန္ဓာကိုယ်အပေါ်မှာ ကားကားလေး လာမှောက်အိပ်နေခဲ့သည့် မနေ့က အနှီကလေးပေါက်စလေးကို နားမလည်နိုင်စွာ တွေ့လိုက်ရသည်။

လက်သေးသေးလေး တစ်ဖတ်ထဲမှာ အငွေ့များ ထောင်းထောင်းထနေသည့် ပေါက်စီအဖြူတစ်လုံးကို အပြည့်ကိုင်ဆောင်ထားခဲ့၏။ခံတွင်းလေး ပြည့်ဖောင်းသည်အထိ ပေါက်စီကို ကိုက်စွဲပြီး တမြုံမြုံ စားသုံးနေခြင်းဘဲ ဖြစ်သည်။

သူ့ကိုယ်ပေါ်မှာ ဖိမှောက် အိပ်စက်နေခဲ့သည့် အနှီကလေးငယ်၏ လေးလံမှုကြောင့်ဘဲ စတင်ကာ လှုပ်ရှားလိုက်မိသည်နှင့် ကလေးငယ်မှာ သူ၏ကိုယ်ပေါ်ကနေ ဆင်းသွားပြီး ဘေးဘက်သို့ ငုတ်တုပ်ကလေးဘဲ ထထိုင်လိုက်ပေသည်။ဝူရှ နားထင်နေရာကို ဖိနှိပ်လျှက် ထထိုင်လိုက်သည်။အနှီကလေးငယ်လေးကတော့ သူ၏ မျက်လုံးဝိုင်းဝိုင်းလေးများ ကလည်ကလည် လုပ်ကာဘဲ သူ့ကို စူးစမ်းကြည့်နေပါတော့သည်။

My ShiFu Kiss Me!!!( Completed )Where stories live. Discover now