3(U+Z)

12.3K 1.3K 29
                                    

နာတယ်ပြောလည်း ရပ်မပေးတက်ဘူး

သွမ့်ရုံချင်းတစ်ယောက် မြောက်ကြွမြောက်ကြွဖြင့်သာ နန်းပြင်သို့ ရောက်လာခဲ့သည်။နန်းတွင်းအမက်များဖြစ်စေ၊ရဲမက်များဖြစ်စေ မည်သူကမျှ သူ့အား တားဆီးဖို့ ဝံ့ရဲလိမ့်မည် မဟုတ်ပါပေ။အ‌ကြောင်းကတော့ သူ၏ ဖြိုချရခတ်သော ဂိတ်တံခါးများမှာ ဆရာ၅ဦးသာ။

ဆရာမ ဖန်းမိန်ရှင်း၏ ခွင့်ပြုချက်ဖြင့် ထွက်လာနိုင်ခဲ့၍လည်း ယခုကဲ့သို့ နန်းအပြင်သို့ ဆိုက်ရောက်လာခဲ့သည်အထိ မည်သည့်အတားအဆီးမျိုးမျှ ထပ်၍ ရှိမနေခဲ့တာ ဖြစ်သည်။

တာလီ၏ နန်းမြို့မှာ ဟန်ကျိုး ဖြစ်သည်။လမုန့်ပွဲတော်နေ့မို့ ကောင်းကင်ယံအထက်မှ ဖြူလွှလွှ နှင်းခြုံလွှာကြီးနှင့်အတူ မြို့လယ်တံတားပေါ်မှာ ကလေးပေါက်စလေးများ ပြေးလွှားကာဆော့ကစားနေကြသည်။အနှီပေါက်စလေးများ၏ အော်ဟစ် ဆူညံသံများကဘဲ ဟန်ကျိုး၏ အဆင်တန်ဆာများကဲ့သို့ ဖြစ်သည်။

လမ်းဘေးဈေးသည်များ၏ အသားပေါက်စီပူပူများ၊ ကွေ့ဟွားမုန့်၊ အမဲပြုတ်ရည်နှင့် သက်ရှည်ခေါက်ဆွဲ၊ မက်မွန်သီးများနှင့် ဆီးချိုသီးများပါ မကျန် အလားတူ ချိတ်ဆွဲထားသည့် မီးပုံးအရွယ်အစားများက စုံလင်စွာပင်။အသားများ နီစပ်သည်အထိ အော်ဟစ်ကာ လမ်းဘေးစာများကို ရောင်းချနေကြပုံမှာဖြင့် သွမ့်ရုံချင်းတစ်ယောက် အမှန်တကယ် ပျော်မွေ့ခုံမင်လိုသည့် နေထိုင်မှု ပုံစံများသာ ဖြစ်တော့သည်။

ကလေးပေါက်စလေးများက လက်ထဲတွင် ချည်လုံးနှင့် စွန်ပုံစံ မျိုးစုံကို ကိုယ်စီကိုင်လျှက် ခုန်ပေါက် ပြေးလွှားနေကြပါသည်။ဤမြင်ကွင်းလေးကပင် သွမ့်ရုံချင်း၏ နှခမ်းပေါ်ကို အပြုံးလှလှလေးများ နေရာချပေးလိုက်နိုင်သည်။

လမ်းဘေး ပြဇာတ်အသေးစားလေးများဖြင့် အခကြေးငွေ တောင်းခံသူများလည်း ရှိသည်။ဓားရေးပြ၍ ဖြစ်စေ၊လှံရေးပြ၍ ဖြစ်စေ ငွေကြေးတောင်းခံသည်များ ရှိသည်။လမုန့်ပွဲတော်နေ့ အခမ်းနား၏ နတ်ဘုရား ပုံပြင်များကိုဘဲ ရင်ဘက်ထုကာ ပြောပြရင်း ဝင်ငွေရှာသူများလည်း ရှိနေပြန်၏။

My ShiFu Kiss Me!!!( Completed )Where stories live. Discover now