*ထပ်ပြီး ဟာသဘဲလား?*
ကုတင်ပေါ်သို့ ဘောက်ဆတ်ဆတ်ကလေး တက်သွားခဲ့ပေသည်။ခေါင်းမြီးခြုံလျှက်သာ ဝင်အိပ်နေပြန်သည့် တပည့်ကျော်လေးကြောင့်လည်း ဝူရှတစ်ယောက်မှာ အနှီထမင်းစားပွဲ၌ မည်သို့မျှ ဆက်မထိုင်နိုင်တော့ပါပေ။
အလျှင်မလိုသည့် ခြေလှမ်းများနှင့်ဘဲ ထမင်းစာပွဲက ထသွားလိုက်ပြီး ချင်းအော်၏ ကုတင်ပေါ်ကို ဘေးတစောင်းလေး ဝင်ထိုင်လိုက်သည်။စောင်အထူကြီးကို ညင်သာစွာ ပွတ်သပ်ပေးရင်းနှင့် စကားစလိုက်သည်။
"ချင်းအော်...မင်းစိတ်မကြည်ဘူးလား။မင်းအခုလို မျက်နှာမကောင်းဘဲ ငါ့ကိုဂရုမစိုက်ဘဲ နေနေတာကို တကယ်တော့ ငါ မနေတက်ဘူး...''
စောင်ပုံကြီးထဲမှ သွမ့်ရုံချင်းကတော့ အနည်းငယ်မျှ မလှုပ်ယှက်ဘဲ ဝူရှ၏စကားများကိုသာ နားစွင့်နေခဲ့သည်။
"ငါမင်းကို ဟာသတစ်ခု ပြောပြမယ် ဘယ်လိုလဲ...''
ရုတ်တရက်ကြီး ''ဟာသတစ်ခု ပြောပြမည်'' ဆိုသည့် ဝူရှ၏ မဆီမဆိုင် စကားကြောင့်လည်း သွမ့်ရုံချင်း တိတ်တိတ်ကလေး ငိုချင်စိတ် ပေါက်သွားမိ၏။ဝူရှက ဟာသပြောမည်ဆိုတိုင်း သူ့အတွက် ရယ်ရဖို့က သေချာမနေဘူးလေ။ထိုထက်ဆိုးသည်က နားပင် လည်လိုက်မည် မဟုတ်ဆိုသည်ကို ကြိုတင်၍ သိရှိနေသည်မို့လည်း စောင်အောက်တွင်သာ မလှုပ်မယှက်ဖြင့် ရှုံ့တွနေမိတော့သည်။
ဝူရှမှာ သိုင်းပညာ၊ အသိပညာနှင့် ယဥ်ကျေးမှုတွင်ပါ အင်မတန်မှကို ပြီးပြည့်စုံနေလိမ့်မည်။သို့သော် အချက်အပြုတ်နှင့် ဟာသပြောခြင်းတို့မှာတော့ ဝူရှနှင့် မလိုက်ဖတ်လွန်းသည့် ကိစ္စရပ်များသာ ဖြစ်ချေသည်။
တစ်ဖတ်သူက ဝူရှ အနှီကိစ္စနှစ်ရပ်ကို ဆောင်ရွက်မည် ပြောချိန်တိုင်း သေချာပေါက် ဝေးဝေးပြေးရမည်ကို သဘောပေါက်သင့်ပါသည်။အခုသူကတော့ ကိုယ့်ထောင်ချောက်မှာ ကိုယ်ပြန်ချုပ်မိသွားသည်ဘဲ ပြောရမည်လား။စောင်ထဲမှာ ဝင်အောင်းနေလိုက်မိသည်ကို သူအခု တကယ် နောင်တရနေမိပြီ ဖြစ်သည်။
YOU ARE READING
My ShiFu Kiss Me!!!( Completed )