*သူမဟုတ်ခဲ့တဲ့ အတိုင်းကွယ်*
"နမ်းလို့ရပြီ...''
သွမ့်ရုံချင်းတစ်ယောက် ဘေးတစ်စောင်း လှဲအိပ်ထားလျှက် ဝူရှ၏အနီးသို့ တိုးကပ်ပေးလိုက်ကာ သူ၏နှခမ်းကိုပါ အနည်းငယ်လေး ဆူထုတ်ပေးထားလိုက်သည်။ထိုတော့ ဝူရှကပါ သူရှိရာ တစ်ဖတ်သို့ လှည့်လာခဲ့သည်။သို့ပေမဲ့ သူ့အား မနမ်းရှုပ်သေးခင် အရင်ဦးစွာ အင်မတန်မှ စိတ်ထွေရှုပ်နေဟန်လေး စူးစိုက်ကာ ကြည့်နေခဲ့သေး၏။
ဝူရှ တွေးနေသည်မှာဖြင့် အနှီလူသည်ကား သူ့အား မုန်းတီးလွန်းလှ၍ နှိပ်စက်နေသည့် ပုံနှင့် မည်သည့်နေရာကများ တူနေလို့လဲဆိုသည်ပါပင်။ဒီမနက်ခင်းကဘဲ အကြမ်းပတမ်း ဆက်ဆံလျှက် လူကို သိမ်းပိုက်ပစ်ခဲ့လေသည့် ချင်းအော်နှင့် ယခုချင်းအော်မှာဖြင့် အင်မတိ အင်မတန်မှကို ကွာခြားလွန်းနေသည်။
မဟုတ်မှလွဲရော ဤသူက ယွီဝမ်ယွဲ့မို့ပင်လား...
သို့ပေမဲ့ မဖြစ်နိုင်။ယခုသူနှင့်အတူ ကုတင်တစ်ခုထဲအပေါ်မှာ လဲလျောင်းနေခဲ့သည့် အနှီချင်းအော်မှာ အရင်ချိန်များက သူ၏အနမ်းကို မရလျှင် ရသည့်နည်းဖြင့် လူလည်ကျကာ သိမ်းပိုက်ရယူတက်သည့် တပည့်ကျော်လေး သွမ့်ရုံချင်းနှင့်သာ ပို၍ ဆင်တူနေခဲ့သည်ဟု ခံစားမိပါ၏။
မနက်တစ်မျိုး ညနေစောင်းလာတော့ တစ်မျိုးနှင့် သူ၏အပေါ်မှာ အဆန်းတကြယ်တွေပင် ဆက်ဆံနေခဲ့သည့် ချင်းအော်ကို မှင်သက်စွာသာ ငေးကြည့်နေခဲ့မိသည်။
"မနမ်းဘူးလား...ကြည့်ရတာ မင်းကတကယ်ဘဲ ငါတက်လုပ်တာကို ခံချင်နေတဲ့ ပုံဘဲ''
ချင်းအော်၏ အနှီစကားကြောင့်လည်း အရင်ချိန်များက သွမ့်ရုံချင်းအဖြစ်များ ပြန်ပြောင်းသွားခဲ့လေပြီလားဆိုသည့် သူ၏ အတွေးစလေးမှာဖြင့် လေထဲမှာ ဖမ်းဆုတ်ခွင့်ပင် မရလိုက်ဘဲ လွင့်ပျံသွားခဲ့လေပြီ။
"ငါမင်းကို မေးနေတယ်လေ!အခုနမ်းမှာလား မနမ်းဘူးလားလို့...''
YOU ARE READING
My ShiFu Kiss Me!!!( Completed )