65(U+Z)(Completed)

15.7K 813 66
                                    

*အတောမသက်နိုင်လေသည့် နိဂုံးလှလှလေး*

အငွေ့များ ထောင်းထောင်းထနေခဲ့သည့် ရေနွေးစိမ်ကန်၏ ထောင့်တစ်နေရာမှာ သူ၏ကျောကို မှီထားလျှက် အပေါ်ပိုင်းက အဝတ်ဗလာနှင့် သွမ့်ရုံချင်းတစ်ယောက် ရှိနေခဲ့သည်။အလားတူ သူ၏ရင်ခွင်အကျယ်ကြီး အတွင်းမှာဘဲ ယုံကြည် ကိုးစားမှုအပြည့်နှင့် မှီတွယ်ကာ ထိုင်နေခဲ့သည့် ပိုးဖြုဥလေး ဝူရှလည်း ရှိနေခဲ့ပါသည်။

ဝူရှမှာ ရေစက်ငယ်လေးများကို သူ၏ မျှစ်တစို့ လက်ချောင်းရှည်လေးများဖြင့် ထိတွေ့ကာ ဆော့ကစားနေခဲ့သည်။အနှီလက်ချောင်းရှည်လေးများ၏ ထိပ်ပိုင်းနေရာလေးများကပင် ရေနှင့် ထိတွေ့ပါများ၍ အိစက်ကာ ရဲဖူးနေခဲ့ပြီဖြစ်လျှက် ချက်ချင်းလက်ငင်းဆိုသလိုလည်း ကြွေကျသွားတော့မည်လားဟုပင် ထင်မိလိမ့်မတက်။တကယ်ကို လူသား ဖယောင်းရုပ်ထု လေးသယောင်။
ကြမ်းရှစွာပင် မထိတွေ့ရက်လေအောင် ပုံဖော်မှု ကင်းစွာနှင့် နူးညံ့ကာ လှပနိုင်လွန်းခဲ့သည့် ဝူရှလေးပင် ဖြစ်သည်။

ခန္ဓာကိုယ်လေးအပေါ်မှာ ပါးလွှာလွန်းသည့် အဖြူရောင် ဝတ်ရုံလေးတစ်ထည်က အသင့်ခြုံလွှမ်းထားလျှက် ရှိနေခဲ့သည်။
ရေစိုနေခဲ့သည်မို့လည်း ဖြူစွတ်လွန်းသည့် အသားရည်ကိုပင် ထိုးဖောက်ကာ မြင်နေရလေသည်။

ရင်ဘက်နေရာရှိ ခပ်ရဲရဲ ပွင့်ဖတ်လေးနှစ်ဖတ်မှာလည်း အနှီဝတ်ရုံလေးကိုပင် ပျက်ရယ်ပြုနေလေသည့်အလား၊
လှပ ညှို့ငင်နိုင်မှုတို့အား အနှီဆရာငယ်လေးမှာဖြင့် တကယ်ကို ထိန်းမနိုင် သိမ်းမရလေး ဖြစ်လို့နေသည်။

မည်သို့သော လူတစ်ဦးတစ်ယောက်၏ အရိပ်အခြေကိုမျှ မမြင်ရလေသည့် ရေချိုးကန်ရယ်ဖြစ်သည်။သို့ပေသိ သွမ့်ရုံချင်းကတော့ ဝူရှ၏ခန္ဓာကိုယ် သေးသေးလေး တစ်ခုလုံးကို သူ၏ရင်ခွင်ကြီး အပြည့်တွင် နေရာယူစေရင်း၊လေပင် ဖြတ်တိုးကာ မတိုက်ဝံ့လေအောင် ရစ်သိုင်းကာ ဖတ်တွယ်ထားခဲ့ပြန်သည်။

ညာဘက်လက်က ဝူရှ၏ သေးသွယ်လွန်းသည့် ခါးနွယ်နွယ်လေး အထက်မှာ ရစ်တွယ်လျှက် ရှိနေခဲ့သည်။အနှီလှပမှုလေးမှာ သူ၏အပိုင်ဖြစ်သည်ကို ရေနွေးငွေ့များနှင့် ရေစက်ပေါက်ငယ်လေးများထံကိုပင် ကြွေးကြော်ကာ ကြွားဝါပြလိုနေသယောင်ပါပင်။

My ShiFu Kiss Me!!!( Completed )Where stories live. Discover now