12(U+Z)

7.9K 1K 12
                                    

*မင်းကိုဒိန်းကျင့်မိတော့လို့...*

ကျင်းအိမ်တော်မှ ပြန်လည်ကာ ထွက်ခွာလာခဲ့ကြသည့်တိုင် ကျင်းသခင်မကြီးကို နှုတ်ဆက်စကား မဆိုဖြစ်ခဲ့ကြပါပေ။အကယ်၍ နှုတ်ဆက်စကား ဆိုဖြစ်ခဲ့ကြသည်ရှိသော် သူမ၏ သမီးဖြစ်သူ သွမ့်ခဲ့၏ သေဆုံးကြောင်းကို မလွှဲမရှောင်သာ ထုတ်ဖော်ကာ ပြောကြားကြရလိမ့်မည်။

မည်မျှပင် အကြမ်းတမ်းဆုံးဘွဲ့ကို ခံယူထားကြစေဦး အနှီကိစ္စမျိုးကိုတော့ သူတို့မလုပ်လို။မလုပ်ရက်ကြခြင်းဆိုလျှင် ပို၍ မှန်ကန်ပါလိမ့်မည်။နဂို နွမ်းလျ ဖျော့တော့လျှက် အမြင်အာရုံပင် ချို့တဲ့နေပြီဖြစ်သည့် ကျင်းသခင်မကြီးကို ထပ်မံ၍လည်း စိတ်ဒုက္ခ မပုံအပ်လိုကြ၍သာ ဖြစ်သည်။

တည်းခိုခန်းတစ်ခု၌ အလျင်းသင့်သလို ဝင်ရောက် တည်းခိုလိုက်ကြပေသည်။နှင်းမစွတ်သည့် မေကွေ့ဟွားပန်းကို အခြောက်ခံ၍ အမှုန့်ကြိတ်ထားသည်ဆိုသည့် ဆေးမျိုးကိုလည်း ယင်းမြို့တွင်းရှိ ဆေးဆိုင်တစ်ဆိုင်မှာဘဲ အခတ်အခဲမရှိ ဝယ်ယူဖြစ်လိုက်ကြသည်။

ဝူမျိုးနွယ်များမှာ ပြောစကား တည်သည်။ဘဝကို တိပပြတ်သားသည့် ဆုံးချက်ဖြတ်များနှင့် နေထိုင်ခဲ့သူများမို့ အတုယူစရာဟု တစ်ချိန်တစ်ခါက သိုင်းလောကကြီးတွင် ပြောစမှတ်များ ရှိဖူးခဲ့သည်။အနှီဝူမင်ဝမ်ကသာ မေကွေ့ဟွားပန်းကို အမှုန့်ကြိတ်ကာ အခြောက်ခံထားသည့် ဆေးတစ်ဖုံက အဆိပ်ဖြေဆေး ဖြစ်သည်ဟုဆိုလျှင် ဤသည်က အလိမ်အညာ မဟုတ်နိုင်။အမှန်တကယ်ပင် အဆိပ်ဖြေဆေး ဖြစ်ပါလိမ့်မည်။

မူလ ဝူဆေးဆရာမျိုးနွယ်ဝင်များမှာ သွမ့်မျိုးနွယ်များနှင့် မဟာမိတ်လည်း ဖြစ်ခဲ့ဖူးသည်။အနှီဝူမျိုးနွယ်များ၏ ပြောင်မြောက်လွန်းသည့် ထူးချွန်မှုများက သွမ့်မျိုးနွယ်ကြီး တစ်ခုလုံးအတွက် ဆူးခလုတ်များကဲ့သို့လည်း ဖြစ်ခဲ့သည်။

ဝူမျိုးနွယ်၏ ခေါင်းဆောင် ဝူရှဆိုသူမှာ ဝူမုစစ်ဗျုဟာကျမ်းကိုရေးသားခဲ့သည်။အနှီဝူမုစစ်ဗျုဟာကျမ်းမှာ လွန်စွာ အသုံးဝင်ခဲ့ပေသည်။

My ShiFu Kiss Me!!!( Completed )Where stories live. Discover now