*အနေရခတ်သည့် ထမင်းဝိုင်း*
စောင်ပုံထဲမှာ ကိုယ့်ကိုကိုယ်အား မြှုပ်နှံထားခဲ့သလို ဝူရှ၏စိတ်ထဲမှာဖြင့် အတွေးပေါင်းများစွာနှင့်သာ ယောက်ယက်ခတ်လို့နေခဲ့သည်။အနှီသူမှာ မတွေ့ရသည့်အချိန်များတွင် စကားအပြောအဆိုကအစ ဤကဲ့သို့ ရိုင်းစိုင်းလာသည်။သို့သည့်နှယ် မိသားစုတစ်ခုလုံးကို သူ့ကြောင့် ဆုံးရှုံးခဲ့ရသည့် လူတစ်ဦးအတွက်တော့ ဤကဲ့သို့ အပြောအဆိုမျှလောက်ကဖြင့် နည်းသေးသည့် လက်စားချေမှုသာ ဖြစ်၏။သူ နားလည်ပေးနိုင်ပါသေးသည်။
အနှီတောင်းဆိုမှုကြီးအား အခြေအနေအရသာ လက်ခံပေးခဲ့မိသည်ဆိုပေမဲ့ နောင်တရမိခဲ့သည်ဆိုလျှင် ဤသည်က တကယ်ကို သူ လိမ်ညာခြင်း မဟုတ်ပါပေ။အသက်ကြီးလာသည်က လွဲ၍ ချင်းအော်နှင့် ပတ်သက်လာတိုင်း တုံးအနေဆဲ။ဤသည်က သူ၏ မိုက်မဲလွန်းသည့် နောက်ထပ်သော ပစ်မှုကြီး တစ်ခုသာ ဖြစ်လိမ့်မည် ထင်မိသည်။
ဆရာတပည့် ဖြစ်ခဲ့ဖူးသည့် ချင်းအော်မှာ ယခုအထိတိုင် အသက်အားဖြင့် ၂၅နှစ်သာ ရှိနေဆဲ။သူ့မှာတော့ဖြင့် ၅၆နှစ်ပင် ရှိနေခဲ့ပြီကို။သူကဲ့သို့ အိုးမင်းနေသူတစ်ဦးနှင့် ဆက်ယှက်လိုက်ရသည်။အဆုံးသက်မှာ ဤသူကသာ အဆများစွာ နစ်နာသွားခဲ့ရလေ့မည်၊ ယခုချင်းအော်၏ အတွေးမှာလည်း ဤကဲ့သို့သာ ဖြစ်လိမ့်မည်ဟု ထင်မိ၏။
အနှီကိစ္စတစ်ရပ်တည်းဖြင့် သူကျူးလွန်ခဲ့သည့် ကိစ္စကြီးကို ခြေဖျက်ပေးမည် ပြောလာသည်ကပင် ချင်းအော်၏ သူ့အပေါ်မှာ အဆုံးအစွန်ထိ ငဲ့ညှာပေးခြင်း ဖြစ်နိုင်ပါပေသည်။
"မင်း အမြန် အဝတ်ထမလဲသေးရင် ငါအစေခံတွေကို ထပ်ခေါ်လိုက်တော့မှာ...''
ချင်းအော်၏ အနှီစကားကြောင့်ဘဲ စောင်ပုံအတွင်းမှ ခပ်မြန်မြန် တိုးခွေ့ကာ ထထိုင်လိုက်ရသည်။ကြက်သီး ထလောက်အောင်အထိ စပ်ဖျင်းပြီး နာကျင်သွားခဲ့မိသည့် ခါးအောက်ပိုင်းကြောင့်လည်း ရုတ်ခြည်း နီမြန်းသွားခဲ့လေသည့် နွေဦးပန်းပွင့်လေးများမှာ ဝူရှ၏ ပါးမို့မို့တို့အထက် အလျှင်အမြန်ဘဲ ပွင့်လန်းကြပေသည်။
YOU ARE READING
My ShiFu Kiss Me!!!( Completed )