*သူ့ယောကျာ်းနဲ့ ညားနေတာတဲ့လေ*
သွမ့်ရုံချင်းအပေါ်၌ စိတ်အပူပန်ဆုံး ဆရာတစ်ဦး ဖြစ်သည့် ဖန်မိန်ရှင်းမှလွဲ၍ ကျန်ဆရာများမှာတော့ ''ကောင်စုတ်လေး ပြန်လာရင် ကြိမ်လုံးစာမိမယ်''ဆိုသည့် ဒေါသမာန်ထနေသည့် အတွေးကြမ်းများဖြင့်သာ။
သွမ့်ရုံချင်း၏ ဆရာသမားများ ဖြစ်နေကြသည်မို့လည်း တာလီ၏ အမက်မင်းကြီးများနှင့်ပင် တန်းတူသည့် အခွင့်အရေးမျိုးကို ပိုင်ဆိုင်ခွင့်ရခဲ့ကြပေသည်။အလားတူ ထိုကဲ့သို့ သွမ့်ရုံချင်းတစ်ယောက် အန္တရာယ်တစ်စုံတစ်ရာ ကြုံ၍ ပြည့်ဝစွာ မကာကွယ်ပေးလိုက်နိုင်က ရာဇသံဖြင့် နားပူနားဆာတိုက်ကာ အခြိမ်းခြောက် အကြိမ်းအမောင်း အခံရဆုံးမှာလည်း အနှီဆရာများသာ ဖြစ်သည်။
ဖန်မိန်ရှင်းနှင့် ခိုင်ဖုန်းတို့နှစ်ဦး ဟန်ကျိုးမြို့တွင်း စုံစမ်းမှုမှ သိရှိလာခဲ့ကြသည့် အချက်အလက်များကြောင့်ဘဲ ကျန်ဆရာများကပါ သွမ့်ဦးရီးတော်၏ အနယ်နယ်အရပ်ရပ်မှ ဇနီးသည်များထံသို့ ခရီးနှင်ရန် ပြင်ရတော့သည်။
သွမ့်ဦးရီးတော်၏ ဇနီးသည်တိုင်းက တာလီနန်းတော်တွင် နေထိုင်ခွင့်ရကြသည်မျိုးတော့ မဟုတ်ပါပေ။သွမ့်ရုံချင်း၏ မိခင် သွမ့်မိန်တစ်ဦးတည်းကသာ တာလီနန်းတော်ကြီးတွင် နေထိုင်ခွင့်ရှိခဲ့သည်။
ကျန်ဇနီးမယားများကိုတော့ သူတို့၏ မွေးရပ်မြေတွင်သာ အဆောင်အယောင် အပြည့်အစုံဖြင့် အိမ်တော်အသီးသီး ဆောက်လုပ်ပေးထားလျှက် နေထိုင်ကာ အသက်မွေးစေ၏။ယခုတော့ သွမ့်ရုံချင်း၏ ဆရာသမား၅ဦးလုံး တာလီ၏ အနယ်နယ်အရပ်ရပ်ရှိ မြို့ခွဲ၊ပြည်နယ်ခွဲများထံသို့ စတင်၍ ခရီးနှင်နေခဲ့ကြပြီ ဖြစ်ပေသည်။
____________________
လူငယ်လေး သွမ့်ရုံချင်း အနှစ်တစ်ထောင် ရေခဲတုံးကြီးအလား အေးစက်စက်နိုင်လွန်းသည့် ဝူရှနှင့်အတူ နေထိုင်ခဲ့ရသည်က ယခုဆို နှစ်ရက်တာပင် ကြာမြင့်ခဲ့ပါပြီ။
YOU ARE READING
My ShiFu Kiss Me!!!( Completed )