တာလီနိုင်ငံ၏ အာဏာစက်
တာလီနိုင်ငံသည် ပါရှားနွယ်စု တရုတ်မျိုးနွယ်ဝင် နိုင်ငံတစ်ခု ဖြစ်သည်။တာလီနိုင်ငံအား သွမ့်ဘုရင် သွမ့်ယွိက အုပ်ချုပ်စဥ် ကာလအပိုင်းခြားက ဖြစ်ခဲ့သည်။သွမ့်မျိုးနွယ်ဝင်တို့၏ အာဏာသာ တာလီတစ်လွှမ်း ဖိတ်ဖိတ်ကျွမ်းတောက် ကြီးစိုးချိန်က ဖြစ်ခဲ့သည်။
လီ၊စုန့်၊ကွေး၊ကျွေးမျိုးရိုးများလည်း ရှိသည့်တိုင် သွမ့်မျိုးရိုး နာမများ၏ အာဏာမှာတော့ ကြောက်ခမန်းလိလိ ဆယ်စုနှစ်နှစ်ခုစာအထိ ကြာလာခဲ့သည်တိုင် ထိုအာဏာမှာ ပို၍သာ ကြီးထွားနေဆဲ ဖြစ်သည်။အိမ်နီချင်းကပ်လျှက် မုန့်၊ရန် နှစ်နိုင်ငံကပင် ရန်မရှာသင့်သည့် နိုင်ငံအဖြစ် သက်မှတ်ထားခဲ့သည်။
သွမ့်မျိုးနွယ်ဝင်များ၏ အာဏာစက်မှာ ပြင်းထန်လွန်းသည့်အပြင် အများစုမှာ စာပေသမားများနှင့် သိုင်းပညာ ထူးချွန်သူများချည်းသာ ဖြစ်ကြသည်။ပညာရပ်တစ်ခုကို တစ်ဖတ်ကမ်းခတ်သည်အထိ စွမ်းစွမ်းတမံ အားထုတ်လျှက် လေ့လာတက်ကြပြီး ဉာဏ်ပညာလည်း ကြီးမားသူများ ဖြစ်သည်။
တာလီ၏ လက်ရှိဘုရင် သွမ့်ယွိမှာ မဟာယာန ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်နေသည့်အလျှောက် တိုင်းပြည်အရေးများအား ညီဖြစ်သူ သွမ့်ယောင်(သွမ့်ဦးရီးတော်)ကို စိတ်ကြိုက် ချုပ်ကိုင်ခွင့်ပေးထားခဲ့သည်။သွမ့်ဦးရီးတော်မှ ပြည်တွင်း နိုင်ငံရေးအများစုကို ဆုံးဖြတ်လျှက် ရှင်ဘုရင် သွမ့်ယွိထံ၌ တင်ပြကာ နဂါးတံဆိပ် ရိုက်နှိပ်စေသည့် ပုံစံဖြင့် အုပ်ချုပ်နေခြင်းဘဲ ဖြစ်ပေသည်။
ထိုကဲ့သို့ ဆောင်ရွက်ခွင့် ရနေခဲ့၍လည်း သွမ့်ဦးရီးတော်မှာ ထီးနန်းအရိုက်ရာကို လိုချင်တပ်မက်သူမျိုးတော့ မဟုတ်ခဲ့ပေ။ရာဇဣန္ဒြေ တစ်ခွဲသားနှင့် ပလ္လင်အထက်မှာ ထိုင်ကာ တိုင်းပြည်အရေးကိုသာ ပူပန်နေရမည်ထက် လိပ်ပြာမယ်လေးများ အကြားတွင် ယစ်မူးစွာ ကခုန်ရသည်မျိုးကိုသာ ပို၍ ခုံမင်နှစ်သက်တက်သူမျိုး ဖြစ်နေခဲ့ခြင်းကြောင့်ပင်။
တာလီ၏ မိန်းမလှလေးများ ကိုယ်တိုင်က ခန့်ညားတည်ကြည်လွန်းသည့် သွမ့်ဦးရီးတော်၏ ဥပဓိရုပ်ခံကြောင့်ပင်
သွမ့်ဦးရီးတော်တစ်ယောက် ပျော်မွေ့လိုသည့် ဆန္ဒအတိုင်း အသက်၅၀ကျော်နေသည်အထိ ခစားလိုက်လျောပေးနေကြဆဲ ဖြစ်ကြသည်။ထို့ကြောင့်သာ သွမ့်ဦးရီးတော်မှာ တာလီဘုရင် သွမ့်ယွိထက်ပင် ဇနီးမယား ပိုများသည်ဟု ဆိုနိုင်သည်။
ESTÁS LEYENDO
My ShiFu Kiss Me!!!( Completed )