Extra-3 (Unicode)

10.5K 705 152
                                    



"နိုးလာပြီလား။"

အိပ်မှုံစုံမွှားနှင့် အိပ်ရာထဲလူးလှိမ့်ရင်း မာန်နိုးလာပုံက အမွှေးပွခွေးကလေးနှယ်။ ဆံပင်တွေဆိုတာ ပွရှုပ်လို့။ ဝေလွှမ်းဘေးကထိုင်ပြီး အတင်းဆွဲနိူးတာတောင် မထဘဲ ပေကပ်က အိပ်ရာထဲ ဟိုဘက်လှိမ့်လိုက်၊ ဒီဘက်လှိမ့်လိုက်လုပ်နေသည်။

"ထတော့။ထ။ ညနေတောင်ရောက်တော့မယ်။"

"အင်း။အင်း။"

ပါးစပ်ကသာ အင်းအင်းလုပ်နေတာ လူကတော့ အိပ်ရာထဲက ကြွမလာ။ နောက်ဆုံးဝေလွှမ်းကဘဲ မာန့်လက်ကို ဆွဲရင်း အိပ်ရာထဲကနေ အတင်းဆွဲထုတ်ရတော့သည်။ ငပျင်းကလေးဟာ ရေချိုးခန်းထဲထိ ဝေလွှမ်းပုခုံးပေါ် မှီရင်းခိုလိုက်လာလေရဲ့။

"မင်းဘယ်တုန်းကအဲ့လောက်အပျင်းထူသွားရတာလဲ။"

"အင်း...။ကိုဗစ်ကာလစကတည်းကဘဲ။"

ပါးစပ်ကသာပွစိပွစိနဲ့။ မာန့်မျက်လုံးက မပွင့်ပေ။

"ရေနွေးတစ်ခါတည်းစပ်ထားပေးခဲ့တယ်။ မြန်မြန်ချိုးပြီးထွက်လာ။"

နောက်ဆုံး ရေပူနဲ့ ရေအေးကို ဝေလွှမ်းအချိုးကျစပ်ခဲ့ပေးပြီး ရေချိုးခန်းထဲက ထွက်လာခဲ့သည်။ မြန်မြန်ချိုးဆိုတဲ့ စကားကိုတော့ မာန်က နားထောင်ပုံရသည်။ရေချိုးတာငါးမိနစ်တောင် မကြာလိုက်ဘဲ ရေချိုးခန်းထဲက ထွက်လာလေသည်။ ရေချိုးခန်းသုံး Bathrobe ကြီး ကပိုကရိုနဲ့ ခေါင်းကိုရေသုတ်ရင်း ထွက်လာတဲ့ မာန့်ပုံစံက ဝေလွှမ်းမျက်လုံးထဲ စူပုပ်ပြီးဆောင့်အောင့်နေတဲ့ ကလေးတစ်ယောက်လို ဖြစ်နေသည်။ ရေချိုးလိုက်လို့ အနည်းငယ်လန်းသွားတဲ့ပုံရှိပေမဲ့ မျက်နှာကတော့ ကြည်ကြည်လင်လင် မဖြစ်သေး။ သူမအိပ်လေးကတင် ဝေလွှမ်းနဲ့ စကားနည်းနည်းများထားတာကို။ ရန်ဖြစ်ရလောက်တဲ့အထိတော့ မဟုတ်ပေမဲ့။

"အာ။ကျစ်စ်။ ဆံပင်တွေက ရှည်နေပြီ။"

မှန်ထဲမှာ သူ့ဆံပင်သူ ပြန်ကြည့်ရင်း အလိုမကျဖြစ်နေပြန်ပြီ။ ဆံပင်ရှည်တာ အခုမှ သိသလားဘဲ။ ဝေလွှမ်းကမနေ့ကတည်းက သတိထားမိတာ။ ရှေ့ဆံပင်ဆို မျက်လုံးအောက်ဝဲနေပြီဖြစ်တဲ့အပြင် နောက်ဆံပင်ဆို ဂုတ်ပေါ်တင်နေပြီ။ နားရွက်ကလေးတွေတောင်ဖုံးတော့မယ်။

နှောင်ကြိုးမည်သည် ရစ်ဖွဲ့သီ-  နှောင်ကြိုးမည်သည် ရစ်ဖွဲ့သီTempat cerita menjadi hidup. Temukan sekarang