"ဟူး...။"ထိုအသံသည် ပင်ပန်းလိူက်မောစွာနှင့် ထွက်ပေါ်လာသော သက်ပြင်းချသံမဟုတ်။ ထွက်နေတဲ့ ဒေါသတွေကို ကြိတ်မနိုင်ခဲမရနဲ့ အတောင့်လိုက် မျိုချထားရင်းကကို ထွက်လာတဲ့ အသံ။ ဒေါ်ချောခင်ခင်ကတော့ ဒေါ်ချောခင်ခင်ပါဘဲ။ အလိုက် နည်းနည်းလေးမှကို မသိဘူး။ အခု ထက်မာန်ဦးကို လွှမ်းနဲ့ တူတူ မနေခိုင်းဘဲ သပ်သပ်တစ်ခန်း ခွဲထားပစ်လိုက်တာဘဲကြည့်။
"ယောက္ခမတွေ ကောင်းကိုမကောင်းဘူး။"
လွှမ်းနဲ့ ပတ်သက်သမျှ ဘယ်သူ့အပေါ်မဆို မေတ္တာထားနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အန်တီချောကတော့ ဒီတစ်ခုနဲ့တင် ဒီတသက် နိုးဘဲ။
ကုတင်ကြီးပေါ် တစ်ယောက်တည်း အထီးကျန်စွာနဲ့ ကုန်ဆုံးနေရတဲ့ ကိုယ့်ဘဝ ကိုယ်လည်း စိတ်နာလှပြီ။ ရန်ကုန်မှာလည်း ရန်ကုန်မှာမို့ မန္တလေးမှာလည်း တအိမ်တည်း ရှိနေတာတောင် ခွဲနေရတဲ့ဘဝ။ လွှမ်းနဲ့ ပတ်သက်ပြီး ထက်မာန်ဦးတော့ ဗေဒင်မေးပြီး ယတြာချေဖို့ လိုအပ်နေပါပြီ။
စိတ်ကလည်းတို၊ ပျင်းလည်းပျင်းနေတာနှင့် ထက်မာန်ဦး ဘေးနားက ဖုန်းကို ကောက်ဖွင့်လိုက်သည်။ ဖုန်းမျက်နှာပြင်လင်းလာတာနှင့် မြင်လိုက်ရတဲ့ စာတစ်စောင်။ ကြည့်လိုက်တော့ လွှမ်းဆီက။
မာန်။ အိပ်ပြီလား...
ထက်မာန်ဦး ပြန်မဖြေဘဲ မဲ့နေတဲ့ အီမိုဂျီတစ်ခုကိုဘဲ ကောက်ပို့လိုက်သည်။
မအိပ်သေးဘူးပေါ့...
ထက်မာန်ဦး ဒီတစ်ခါ ပိုပြီး မဲ့ရှုံ့နေတဲ့ အီမိုဂျီတစ်ခုကို ကောက်ပို့လိုက်သည်။ လွှမ်းဆီက ပြန်ရလာတာက မျက်ရည်တွေထွက်လောက်အောင် အော်ရယ်နေတဲ့ အီမိုဂျီလေး။
လွှမ်းအတွက် အဲ့လောက်တောင် ရယ်စရာကောင်းနေတာလား။ ထက်မာန်ဦး စိတ်တိုတိုနဲ့ ဖုန်းပြန်ချဖို့ ပြင်လိုက်တဲ့အချိန်မှာဘဲ ရောက်လာတဲ့ စာတစ်စောင်။
ငါ့အခန်းကိုလာမလား..
ထိုစာလေး မြင်လိုက်ရုံနဲ့တင် လူကချက်ချင်း မရိုးမယွ ဖြစ်လာရသည်။ လက်ချောင်းတွေကတော့ Yes လို့ကောက်ရေးချပစ်ဖို့ကို တာဆူနေပြီ။ ဘယ်လိုလုပ်ရမလဲ။ မူကလည်း နည်းနည်း မူချင်သေးတယ်။
KAMU SEDANG MEMBACA
RomansaAFFECTION-နှောင်ကြိုး (Sequel)