Extra-6-Unicode

9K 629 154
                                    

"မာန်" ပုဂ္ဂလိဂအထက်တန်းကျောင်းကြီးရဲ့ ရုံးအတွင်းပိုင်းမှာတော့ မိန်းကလေး နှစ်ယောက် တီးတိုး တီးတိုးနှင့် သဖန်းပိုးလုပ်လို့နေကြသည်။ ဒုဥက္ကဌရဲ့ ရုံးခန်းထဲ ဒုဥက္ကဌနှင့်အတူ ကပ်ပါသွားတဲ့လူကိုလှမ်းချောင်းလို့မပြီးနိုင်တော့။

"အဲ့တာဘယ်သူလဲ။"

ကောင်မလေးတစ်ယောက်ကအရင်ထမေးသည်။

"ဥက္ကဌရဲ့ ကောင်လေးထင်တယ်။"

"ဟမ်။"

ဘေးကတစ်ယောက်ရဲ့ စကားကြောင့် အလျင်ထမေးတဲ့ ကောင်မလေးရဲ့ အာမေဍိတ်သံက ကျယ်လောင်စွာ။

"မသိဘူးလား။ သူ့အခုရည်းစားက ကောင်လေးလေ။"

မျက်နှာထိမျက်နှာထားနှင့်ဘေးကတစ်ယောက်က ထပ်ပြောလာတဲ့နောက် ထိုမိန်းကလေးသည် ပါးစပ်ကို လက်ကလေးနှင့်ပင် အုပ်လိုက်ပြီး ထအော်လေသည်။

"ဟယ်။ အဲ့တာဆိုနှစ်ဖက်ချွန်ကြီးပေါ့။"

"ဟဲ့။ဟဲ့။"

အနောက်ကနေ လှမ်းဟန့်တဲ့ အသံထွက်လာတာမို့ ထိုကောင်မလေးနှစ်ယောက်သည် ဆတ်ခနဲ တုန်ယင်သွားရလေသည်။ ရောက်လာသူက ဒုဥက္ကဌရဲ့လက်ထောက်မမပင်။

"နင်တို့နော်။ ဒီကာလကြီးထဲ အလုပ်အကိုင်ကရှာရခက်တယ်။ လကုန်လို့အထုပ်ပိုက် မဆင်းချင် စကားပြောဆင်ခြင်ကြ။"

ထိုမမသည် ပြောပြောဆိုဆိုနှင့် သူနေရာသူဝင်ထိုင်လိုက်သည်။ ကောင်မလေးနှစ်ယောက်သည် အတန်ငယ်မျှတော့ ငြိမ်သွားသော်လည်း တစ်ခဏမျှသာ။ တစ်ယောက်နှင့်တစ်ယောက် အချင်းချင်း မျက်ရိပ်ပြလိုက်ရင်းဖြင့် မမနား ကပ်တိုးလေးထိုင်လိုက်ပေသည်။

"မမ။တကယ်ပဲလား။ တကယ်သူ့ကောင်လေးလား။"

လက်ထောက်မမဆိုသူက ညံ့ရန်ကောဆိုတဲ့ အကြည့်နှင့် ထိုမိန်းကလေးနှစ်ယောက်ကို မျက်လုံးဝင့်ကြည့်လေသည်။

"ဟင်း။နင်တို့အခုမှသိတာလား။"

မိန်းကလေးနှစ်ယောက်သည် ပုတ်သင်ညိုလေးတွေနှယ် ခေါင်းကို တညီတညွတ်တည်း ညိတ်ပြသည်။ မမဆိုသူသည် ဟင်းခနဲ သက်ပြင်းချလိုက်ရင်း ဆောင့်အောင့် ပြောလာသည်။

နှောင်ကြိုးမည်သည် ရစ်ဖွဲ့သီ-  နှောင်ကြိုးမည်သည် ရစ်ဖွဲ့သီTempat cerita menjadi hidup. Temukan sekarang